ဘာစီလိုနာနဲ့ လမ်းခွဲလိုက်တဲ့ မက်ဆီ ကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီ အသင်း ရေပန်းအစားဆုံး ဖြစ်နေ
ဘာစီလိုနာနဲ့ စာချုပ် သက်တမ်းမတိုးတော့ဘဲ လမ်းခွဲလာခဲ့တဲ့ မက်ဆီကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ရေပန်းစားနေပါတယ်။
မက်ဆီနဲ့ဘာစီလိုနာအသင်းတို့ဟာ သြဂုတ် ၅ ရက်မှာ ၅နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုထားကြပေမယ့် အဆုံးသတ်မှာတော့ အဆင်မပြေဖြစ်ခဲ့တာပါ။
အသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေနဲ့ လာလီဂါအဖွဲ့ချုပ်ရဲ့စည်းမျဉ်းတွေကြောင့် မက်ဆီကို သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာမယ်လို့ ဘာစီလိုနာအသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသင်းကို အရှိန်အဝါကြီးမားတဲ့ အသင်းဖြစ်လာစေဖို့ လုပ်ဆောင်ပေးခဲ့တဲ့ မက်ဆီကို ကျေးဇူးတင်ရှိပြီး အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေကြောင်း ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာတော့ ဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာ မသိရသေးပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ရေပန်း အစားဆုံးဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ အားလပ်ရပ်ခရီးစဉ်မှာ ပီအက်စ်ဂျီ ကစားသမားတွေဖြစ်တဲ့နေမာ၊ ဒီမာရီယာ၊ ဗာရက်တီ အစရှိတဲ့ကစားသမားတွေနဲ့ ဓာတ်ပုံ အတူ တွဲရိုက်ခဲ့ပါသေးတယ်။
မန်စီးတီးနဲ့လည်း သတင်း ထွက်ခဲ့ပေမယ့် ကစားသမားသစ် ဂျက်ဂရေးလစ်ရှ်ကို ကျောနံပါတ် ၁၀ ပေးခဲ့တာကြောင့် မက်ဆီအနေနဲ့ ပီအက်စ်ဂျီ အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းများနေတယ် လို့ သိရပါတယ်။

ZG
ဘာစီလိုနာနဲ႔ စာခ်ဳပ္ သက္တမ္းမတိုးေတာ့ဘဲ လမ္းခြဲလာခဲ့တဲ့ မက္ဆီကို ေခၚယူဖို႔ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းက ေရပန္းစားေနပါတယ္။
မက္ဆီနဲ႔ဘာစီလိုနာအသင္းတို႔ဟာ ၾသဂုတ္ ၅ ရက္မွာ ၅ႏွစ္ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈထားၾကေပမယ့္ အဆုံးသတ္မွာေတာ့ အဆင္မေျပျဖစ္ခဲ့တာပါ။
အသင္းရဲ႕ ဘ႑ာေရးျပႆနာေတြနဲ႔ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕စည္းမ်ဥ္းေတြေၾကာင့္ မက္ဆီကို သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ခဲ့ၿပီး အသင္းကေန ထြက္ခြာမယ္လို႔ ဘာစီလိုနာအသင္းက တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။
အသင္းကို အရွိန္အဝါႀကီးမားတဲ့ အသင္းျဖစ္လာေစဖို႔ လုပ္ေဆာင္ေပးခဲ့တဲ့ မက္ဆီကို ေက်းဇူးတင္ရွိၿပီး အနာဂတ္မွာလည္း ေအာင္ျမင္မႈေတြ ဆက္လက္ရရွိပါေစေၾကာင္း ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
မက္ဆီဟာ လက္ရွိအခ်ိန္မွာေတာ့ ဘယ္အသင္းကို ေျပာင္းေ႐ႊ႕ကစားမလဲဆိုတာ မသိရေသးေပမယ့္ ပီအက္စ္ဂ်ီအသင္းနဲ႔ ေရပန္း အစားဆုံးျဖစ္လာခဲ့ပါတယ္။
မက္ဆီဟာ အားလပ္ရပ္ခရီးစဥ္မွာ ပီအက္စ္ဂ်ီ ကစားသမားေတြျဖစ္တဲ့ေနမာ၊ ဒီမာရီယာ၊ ဗာရက္တီ အစရွိတဲ့ကစားသမားေတြနဲ႔ ဓာတ္ပုံ အတူ တြဲ႐ိုက္ခဲ့ပါေသးတယ္။
မန္စီးတီးနဲ႔လည္း သတင္း ထြက္ခဲ့ေပမယ့္ ကစားသမားသစ္ ဂ်က္ဂေရးလစ္ရွ္ကို ေက်ာနံပါတ္ ၁၀ ေပးခဲ့တာေၾကာင့္ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီ အသင္းဆီကိုသာ ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အလမ္းမ်ားေနတယ္ လို႔ သိရပါတယ္။