အက်ဖ်အေဖလားပါ ရရင်တောင် မန်ယူ ဒီရာသီ အောင်မြင်တယ်လို့ မယူဆဘဲ မကျေနပ်နိုင်သေးတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်ဖလားကို ဆွတ်ခူးထားပြီဖြစ်ပြီး နောက်တစ်ပတ် စနေနေ့တွင် မန်စီးတီးကို ဝင်ဘာလေကွင်းကြီးမှာ အနိုင်ရပါက အက်ဖ်အေဖလားကို ထပ်လောင်းရနိုင်မှာဖြစ်ပါတယ်။
ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က ဒီရာသီဟာ ယူနိုက်တက်အတွက် အပြုသဘောဆောင်တဲ့ရာသီလို့ ပြောပေမယ့် ဖလား ၂ လုံး ရခဲ့တယ် ဆိုရင်တောင် မကျေနပ်လှဘဲ ယူနိုက်တက်ရဲ့ အဆင့်အတန်းက ယခုထက်ပိုမြင့်ဖို့ ရည်မှန်းထားတယ်လို့ ယုံကြည်နေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာနန်ဒက်စ်က “နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်၊ ကျွန်တော်တို့ လိဂ်ဖလားအတွက် မတိုက်နိုင်တော့ဘဲ ထိပ်ဆုံးလေးသင်းအတွက် တိုက်ပွဲဝင်ခဲ့ရပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့ ထိပ်တန်း လေးသင်းနေရာကို ရရုံနဲ့ မပျော်ပါဘူး။ ပိုလိုချင်ပါတယ်။
ဒီအသင်းမှာ ရှေ့ဆက်သွားဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် ပိုပြီးတော့ကောင်းမွန်တဲ့ အနေအထားကိုရောက်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ရာသီတစ်ခုပါ။
ကျွန်တော်တို့ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းထဲကို ရောက်သွားပါတယ်။ အခု ကျွန်တော်တို့မှာ နောက်ထပ် ဖိုင်နယ်တစ်ခု ရှိနေပြီ ဆိုပေမယ့် ဒီဖိုင်နယ်မှာ ဖြစ်ပျက်ခဲ့သမျှတွေဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ရာသီနဲ့ ပတ်သက်ပြီး ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ ကာရာဘောင်းဖလားကို ဆွတ်ခူးခဲ့ပြီး အက်ဖ်အေဖလား ဖိုင်နယ်ကို ရောက်နေပြီ၊ ယူရိုပါလိဂ်မှာ ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုပေမယ့် ဒါက ပြန်လှည့်လို့မရတော့ပါဘူး။ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ပြီးရင် မန်စီးတီးအကြောင်း စဉ်းစားဖို့ အချိန်ရလာပါပြီ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။