မန်ယူ တိုက်စစ်ရဲ့ ဘယ်နေရာမှာ ကစားရတာ ပိုခြေတွေ့သလဲ နည်းပြသိအောင် ထုတ်ပြောလာတဲ့ ရပ်ရှ်ဖို့
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီမှာတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ဘောလုံး ရာသီကို ပိုင်ဆိုင်ထားခဲ့ရပါတယ်။ ဒီအတွက် သူ့ရဲ့ သွင်းဂိုးနှုန်းတွေက သက်သေပါ။
ဒါ့အပြင် ဒီရာသီ ယူနိုက်တက်တို့ ကာရာဘောင် ဖလား ဆွတ်ခူးရေး ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေးမှာ ရပ်ရှ်ဖို့ ဟာ အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ်။ တကယ်တော့ ရပ်ရှ်ဖို့ ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဘယ် ၊ ညာ တောင်ပံ နဲ့ အထောင် တိုက်စစ်မှူး နေရာတွေမှာ ကစားပေးခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုတော့ ရပ်ရှ်ဖို့ က သူဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံံ တွေမှာ ကစားရတာ နှစ်သက်မိကြောင်း ၊ အထူးသဖြင့် ဘယ်တောင်ပံမှာ ကစားရတာက သူအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးဖြစ်ကြောင်း FA ဖိုင်နယ် မတိုင်မီ ထုတ်ပြောခဲ့လိုက်ပါတယ်။
” ကျွန်တော် ဘယ်ရော ၊ ညာမှာပါ ကစားပေးနိုင်ပါတယ် ။ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ ကစားပေးရတာက ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်ရတယ် ၊ သဘာဝကျကျ ကစားပေးနိုင်တယ်လို့ ခံစားမိပါတယ် ။ ဒါပေမဲ့ နှစ်ဖက်လုံးမှာ ကစားပေးရတာ ကျွန်တော် ပျော်ရွှင်မိပါတယ် ”
” ကျွန်တော်ဟာ အသင်းကို ကူညီပေးနေတာပါ ။ ကျွန်တော့်အတွက် ဒါက အရေးအကြီးဆုံးပဲလေ ။ ကျွန်တော်တို့အသင်းမှာ နေရာစုံကစားပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေတာကြောင့် ကျတဲ့နေရာမှာ အကောင်းဆုံး ကစားပေးဖို့ ကြိုးစားရမှာပါပဲ ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
ရပ်ရှ်ဖို့ဟာ ယူနိုက်တက်တို့ ချဲလ်ဆီး အသင်းကို 4-1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ တစ်ဂိုး သွင်းယူခဲ့တဲ့ နောက် ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး 30 ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပြီး ဗန်ပါစီ နောက် တစ်ရာသီ ဂိုး 30 သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။