မန်ယူကို ဇီယက်ချ် ပြောင်းလာတော့မှာလား? တပည့်ဟောင်းအတွက် စိတ်မကောင်း၊ ရင်နာစကား ပြောဆိုခဲ့တဲ့ နည်းပြ တန်ဟတ်

မန်ယူက ချဲလ်ဆီးကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကြာသပတေးည ပွဲအပြီးမှာ ချဲလ်ဆီးတိုက်စစ်မှူး ဟာကင်ဇီယက်ချ်နဲ့ ပြောခဲ့တဲ့စကားတွေကို ပြန်ပြောပြဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ မော်ရိုကို လက်ရွေးစင်နဲ့ သူတို့ကြားမှာ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာ ကြောင့် အခုလိုမျိုး ရယ်ရယ်မောမောနဲ့ စကားပြောခဲ့ကြတာဖြစ်တယ်လို့ တန်ဟတ်က ဆိုပါတယ်။

ကြာသပတေးညက ပွဲအပြီးမှာ နည်းပြတန်ဟတ်နဲ့ ဇီယက်ချ်တို့ကြား အရမ်းကို ရင်းနှီးလွန်းတဲ့ ပုံစံမျိုးနဲ့ စကားပြောနေ ခဲ့တာကို သတင်းမီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့ပြီး ဂယက်ထစေနိုင်တဲ့ သတင်းတချို့ ထွက်လာခဲ့ပေမဲ့လည်း နယ်သာလန်သား နည်းပြကတော့ ဒါဟာ မိတ် ဟောင်းဆွေဟောင်းတွေ ဖြစ်ခဲ့ကြလို့ အခုလိုမျိုး စကားပြောခဲ့ကြတာဖြစ် တယ်လို့ ပြောပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

“ဒါက ကျွန်တော်နဲ့ ဟာကင်တို့ကြားက ကိစ္စပါ။ ကျွန်တော်တို့ ကြည်နူးစရာကောင်းတဲ့ အရာတွေကို အများကြီး ကြုံခဲ့ဖူးကြတယ် လေ။ အရမ်းကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သဘောပါပဲ ” လို့ တန်ဟတ်က ဆွီဒင် ရုပ်သံလိုင်းဖြစ်တဲ့ Viaplay ကို ပြောပါတယ်။

တန်ဟတ်ဟာ အေဂျက်ဇ်ကို တာဝန်ယူခဲ့တုန်းက ဇီယက်ချ်ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ နည်းပြ ခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ မော်ရိုကို လက်ရွေးစင်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် ၃၃.၃ သန်းနဲ့ ရောက်လာခဲ့တာဖြစ် ပါတယ်။

နောက်ပြီး အဲဒီ ဆရာတပည့်နှစ်ယောက်ဟာ ၂၀၁၈-၁၉ ဘောလုံး ရာသီမှာ နယ်သာလန်အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့သူတွေ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကိုလည်း ရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ချဲလ်ဆီးကိုရောက်လာပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ခဲ့ပေမဲ့လည်း အေဂျက်ဇ် တောင်ပံ လူဟောင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသူပါ။

ဒီအတွက် ဇီယက်ချ် လိုမျိုး ပါရမီရှင် ကစားသမားကို နေရာပေးဖို့ခက်နေတဲ့ ချဲလ်ဆီးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ တန်ဟတ်က သဘောမကျဟန်နဲ့ ခုလို ပြောပါတယ်။

” သူက ပွဲတိုင်း ဝင်ကစားရမှာပါ။ သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေတဲ့ ကစားသမားတစ်ယောက်အဖို့ ကွင်းထဲမှာ ရှိကို ရှိနေ ရမှာပါ” လို့ တန်ဟတ်က တပည့်ဟောင်းနဲ့ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါ တယ်။