သူ့ တပည့်ကျော် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က တစ်ရာသီ ဂိုး ၄၀ သွင်းနိုင်တယ်ဆိုတဲ့ တန်ဟက်

မန်ယူ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ချယ်ဆီးနဲ့ပွဲမှာ ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ ရရှိခဲ့ပြီဖြစ်ပြီး ဒီရာသီအတွင်း နောက်ထပ် ဂိုးတွေသွင်းယူဖို့ မန်စီးတီးနဲ့ ပွဲ ကျန်နေပါသေးတယ်။

ဖန်တီးမှု ၁၁ကြိမ်လဲ ပြုလုပ်ပေးခဲ့တဲ့ တိုက်စစ်မှူးအတွက် အထင်ကြီးစရာ ရာသီတစ်ခု ဖြစ်ခဲ့သလို နောက်နှစ်မှာ သူ့ရဲ့ ကိန်းဂဏန်းတွေက ပိုပြီးတော့တောင် တိုးတက်လာနိုင်တယ်လို့ နည်းပြ အဲရစ်တန်ဟက်က ယုံကြည်နေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

“မားကပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တွေးမိတဲ့ ပထမဆုံးအရာက သူ့မှာ တိုးတက်လာမှာတွေ အများကြီးရှိနေတယ်။ သူက ဒီထက်ပိုပြီးတော့တောင် ဂိုးတွေရနိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဥပမာ နောက်ဆုံး ၁၀ ပွဲကိုကြည့်လိုက်ရင် သူ ဂိုးအများကြီး မသွင်းခဲ့ဘူး။ ၂ဂိုး ၃ဂိုးလောက်ပဲထင်တယ်။ သူ တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် မနှစ်ကရာသီနဲ့ ဒီနှစ်မှာ သူပြန်လာနိုင်ခဲ့တာကို ကျွန်တော် ကျေနပ်တယ်”လို့ တန်ဟက်က ဆိုပါတယ်။

၂၀၁၉-၂၀ ရာသီတုန်းက သူ့ရဲ့ အကောင်းဆုံးမှတ်တမ်းဖြစ်တဲ့ ၂၂ဂိုးကို အသာအယာ ကျော်ဖြတ်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ် ဟာ ဒီရာသီမှာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးအကြိမ် ဂိုး၃၀ ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

နောက်ရာသီမှာ ဒီထက်ပိုများတဲ့ ဂိုးတွေသွင်းယူနိုင်တယ်လို့ တန်ဟက်က ထောက်ခံခဲ့ပြီး ပိုပြီးလိုချင်တဲ့ ဆာလောင်မှုဟာ သူတို့ရဲ့ တိုးတက်မှုအတွက် အဓိက အရေးကြီးတဲ့အရာ ဖြစ်တယ်လို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့က ကစားပုံနဲ့ရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ မားကပ်ကို အားပေးပံ့ပိုးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျေနပ်တယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ထပ်တွန်းရမယ်။ သူက တစ်ရာသီကို ဂိုး၃၀ လောက် သွင်နိုင်ပြီး နောက် အဆင့်ကို တက်လှမ်းနိုင်တယ်ဆိုတာ ယုံကြည်တယ်”လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။