မပြီးပြတ်သေးတဲ့ ဒီဂီယာ စာချုပ်သစ်၊ ရွိုင်ကိန်း ထောက်ခံချက်၊ အန်တိုနီ ဒဏ်ရာ ခြေနေနဲ့ နောက်ဆုံးထွက် မန်ယူ သတင်းထူးများ

မန်ချက်စတာယူနိုက်တက်ဟာ လာမည့်ရာသီမှာ အာဆင်နယ် လီဗာပူး နဲ့ ချဲလ်ဆီး တို့ကို ကျော်ကာ မန်စီးတီးရဲ့ အဓိက အမှတ်ပေးဖလား ပြိုင်ဘက် အဖြစ် ထွက်ပေါ်လာလိမ့်မယ်လို့ ရွိုင်ကိန်း က ထောက်ခံသွားပါတယ်။

ဒီဂီယာ ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အရေးမှာလည်း မပြီးပြတ်သေးဘဲ နည်းပြတန်ဟက်ရဲ့ နောက်ဆုံး သဘောတူ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတယ်လို့ သတင်းထွက်နေပါတယ်။

The Athletic သတင်းဌာန အဆိုအရ ချယ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့်ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ များနေပြီ လို့ သိရပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာ က ဒီရာသီ clean sheet အများဆုံး ရတဲ့ မှတ်တမ်းနဲ့ အတူ ရွှေလက်အိတ်ဆု လည်း ရရှိသားခဲ့ပါတယ်။ ထိုဆု ကို စပိန်သားက ဖူလ်ဟမ်နဲ့ ပွဲ အပြီးမှာ လက်ခံယူခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက် အဆိုအရ တိုက်စစ်သမား အန်တိုနီရဲ့ ဒဏ်ရာဟာ အစောပိုင်း ထင်သလောက်ကြီး ဆိုးဝါးနေတာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီရာသီ ရွှေလက်အိတ်ဆု ကို ရခဲ့သည့်တိုင် ဒီဂီယာ ကို ယူနိုက်တက် တို့ ဒီနွေမှာ ထွက်ခွာခွင့် ပေးသင့်တယ် လို့ သရဲနီဟောင်းကြီး ရွိုင်ကိန်းက ယုံကြည်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ဆော်ဒီလိဂ်မှာ သူ့အသင်း အယ်နာဆာ က ဒုတိယ နေရာနဲ့ပဲ ရာသီသိမ်းရပြီ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် ကစားသမားအတွက်တော့ နှစ်ရာသီဆက် ဖလားလက်မဲ့ ဖြစ်ခဲ့ရတာပါ။

မန်ယူ တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီကတော့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ပုံမှန် ပွဲချိန်အတွင်း မန်စီးတီးနဲ့ သရေကျပြီး ပင်နယ်တီမှာ မန်ချက်စတာ ယူနိုက်တက် အနိုင်ရမယ် လို့ သုံးသပ် ခန့်မှန်းထားပါတယ်။