မန်ယူ လူဝယ်မှ၊ ငွေသုံးမှ ဖြစ်မယ်လို့ ဘုတ်အဖွဲ့အား သတိပေး၊ ရာဇသံပေးလိုက်တဲ့ နည်းပြ တန်ဟက်

နည်းပြ တန်ဟက်ကတော့ ကစားသမားသစ် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရင် မန်ချက်စတာ ယူနိုက်တက်က အားလုံး နောက်မှာ ကျန်ရစ်ခဲ့မယ် လို့ မန်ယူ ဘုတ်အဖွဲ့အား သတိပေးစကား ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကြီးမားတဲ့ ငွေသုံးစွဲမှုတွေ မလုပ်ခဲ့တာကို တန်ဟက်က ထောက်ပြ လိုနေပြီး ကစားသမားကောင်းတွေ ခေါ်ယူမှကို ရမယ်လို့ အသင်း အကြီးအကဲတွေထံ သတိပေးသံ ပြုလိုက်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” အဆင့် ၄ အတွင်း ဝင်ချင်ရင်၊ ဒီလိဂ်မှာ ဖလားတွေ ရယူဖို့ ဆိုရင် ရင်းနှီးမြှုပ်နှံမှ ငွေသုံးမှ ရမယ် ဆိုတာ ကလပ် ဘက်က သိပါတယ်။ မဟုတ်ရင်တော့ ကိုယ့်အသင်းက အခွင့် အရေး ရှိမှာ မဟုတ်ဘူး၊ တခြားသူတွေက ကျော်တက်သွားလိမ့်မယ်။

ဒါကို ဆောင်းဈေးကွက်မှာ ကျနော်တို့ မြင်ခဲ့ကြတယ်လေ။ ကျနော်တို့ ပြိုင်ဘက်ကလပ်တွေက ငွေသုံးစွဲမှုတွေ ကြီးကြီးမားမား လုပ်ခဲ့ချိန်မှာ ကျနေ်ာတို့ မလုပ်နိုင်ခဲ့ဘူး။ ဒီကြားထဲက ဒီလောက်ထိ လုပ်ပြခဲ့တာ ကျနော့် အသင်း အတွက် ဂုဏ်ယူပါတယ်။

အသင်းက လမ်းကြောင်းမှန်ပေါ်တော့ ရောက်နေပါပြီ။ ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့ နေရာကိုတော့ မရောက်သေးဘူး။ ဒီအသင်းမှာက တစ်ဦးချင်းရော အသင်းလိုက်ရော အလားအလာ ကောင်းတွေက ရှိတယ်။

ဒါကို ဒီရာသီမှာ တိုးတက်ရိပ်တွေနဲ့ ပြသခဲ့ပြီးပြီ။ ဒါက အသင်းသားတွေရော နည်းပြ အဖွဲ့ဝင်တွေရောကို ချီးကျူးရမှာပါ။ ကျနော်တို့ သိပ်ကို ကြိုးစား အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ငွေသုံးဖို့ လိုတယ်နော်။” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ဒီနွေမှာတော့ စပါး တိုက်စစ်မှုး ကိန်း အပါအဝင် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်လိုနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကတော့ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ နောက် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

တန်ဟက်ဟာ ဒီရာသီ ကာရာဘောင်းဖလား ယူနိုက်တက် နဲ့ အတူ ရယူပြီး ဖြစ်သလို နောက်ထပ် ဆုဖလား အခွင့် အရေး အဖြစ် အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း တက်ရောက်ထားကာ လာမယ့် စနေနေ့မှာ ဖလားလုရမှာပါ။