မန်ယူအသင်းရဲ့ လိုဂိုကို Adidas က ပြောင်းလဲဖို့ လုပ်လာလို့ သရဲနီ ပရိသတ်တွေ အပြင်းအထန် ကန့်ကွက်

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ သမိုင်းဝင်ပြောင်းလဲမှုအနေဖြင့် ကလပ်အသင်းလိုဂိုအား အပြောင်းအလဲ လုပ်ရန် စီစဉ်နေပါတယ်။

ဒါပေမဲ့ ဒီလို ကလပ်ဘက်က ကလပ်လိုဂိုးအား အပြောင်းအလဲလုပ်ရန် စီစဉ်နေမှုအပေါ်မန်ယူ ပရိသတ်များကတော့ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေကြပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီအတွက် တတိယဝတ်စုံတွင် ကလပ်လိုဂိုနေရာမှာ သရဲနီ တစ်ကောင်တည်း ကိုသာ ထည့်သွင်းရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဝတ်စုံထုတ်လုပ်နေတဲ့ Adidas က လိုဂိုနေရာတွင် သရဲနီတစ်ကောင်တည်းဖြင့် အစားထိုးရန် စီစဉ်နေတာပါ။

ဒါကြောင့်လည်း ယူနိုက်တက်ရဲ့ တတိယဝတ်စုံတွင် မန်ချက်စတာယူနိုက်တက်ဆိုတဲ့ စကားလုံး ပါဝင်လာမှာ မဟုတ် သလို ကလပ်ရဲ့ လိုဂိုလည်း ပါဝင်လာမှာ မဟုတ်ပါဘူး။

ယင်းအင်္ကျီမှ ယူနိုက်တက်လိုဂိုနေရာတွင် သရဲနီတစ်ကောင်တည်းသာ ပါဝင်လာပါမယ်။

ကလပ်နှင့် Adidas ဘက်က ယင်းသို့ လုပ်ဆောင်ရန် စီစဉ်နေမှုအပေါ် ပရိသတ်များက ကန့်ကွက်နေကြပါတယ်။

ပရိသတ်တစ်ဦးက “လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ဘယ်သူမှ မဝယ်ဖို့ မျှော်လင့်တယ်”လို့ ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း “အနည်းဆုံးတော့ တတိယဝတ်စုံမှာ လက်မခံနိုင်စရာ ပါလာမှာပါလား”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းနှင့် အဝေးကွင်းဝတ်စုံများမှာတော့ ကလပ်လိုဂိုကို ထည့်သွင်းလာပါမယ်။