မက်ဂွိုင်းယား မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိမလား အဖြေပေးလာတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဗဟိုနောက်ခံလူ မက်ဂွိုင်းယားရဲ့ အနာဂတ်အတွက် ဘာအာမခံချက်မှ မပေးခဲ့ပါဘူး။
တစ်ဦးချင်း အမှားတွေဟာ ယူနိုက်တက်ခံစစ်ကြောင်းကို ပိုဆိုးစေပြီး ကလပ်မှာ ၎င်းတို့ရဲ့ ရေရှည်အနာဂတ်က သံသယတွေ မြင့်တက်လာတာနဲ့အတူ မက်ဂွိုင်းယားဟာလဲ ဒီရာသီအတွင်း ဝေဖန်မှုတွေများစွာ ခံခဲ့ရတာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
မက်ဂွိုင်းယာဟာ ရာသီအစမှာ သူ့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကြောင့် ပွဲအများစုကို အရံခုံမှာ ထိုင်ခဲ့ရပြီး ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးပြီးနောက်ပိုင်း လိဂ်၄ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။
တန်ဟက်ဟာ ကြိုးစားတဲ့ မက်ဂွိုင်းယားအပေါ် သူ့ရဲ့ လေးစားမှုကို ပြသခဲ့ပေမယ့် လက်ရှိရာသီကုန်ပြီးနောက်ပိုင်း အနာဂတ်အပေါ်မှာတော့ အာမခံချက် မပေးခဲ့ပါဘူး။
“ဗဟိုခံစစ်မှာ ဗာရန်း ရှိနေတာနဲ့အတူ သူ့မှာ ပြိုင်ဆိုင်မှုက မြင့်မားပါတယ်။ မကစားရရင် ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ သူက အမြဲတမ်း အကောင်းဆုံး ကြိုးစားလေ့ကျင့်ပါတယ်။ ဒါကြောင့် အခြေအနေကို သူကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ကပ္ပတိန်ဖြစ်နေတာကြောင့်လဲ သူက အသင်းမှာ အရေးပါပါတယ်”လို့ တန်ဟက်က ဆိုပါတယ်။
နောက်ရာသီမှာ မက်ဂွိုင်းယား ဆက်ရှိနေမှာလားဆိုတဲ့အပေါ် တန်ဟက်က “သူဒီမှာ ရှိနေရင် ကျွန်တော် ပျော်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ သူ့ကို လိုအပ်တဲ့အချိန် သူက ကူညီပေးခဲ့တယ်။ ဒါပေမယ့် အသင်းမှာ ဆက်နေဖို့ ကတော့ သူချရမယ့် ဆုံးဖြတ်ချက်ပါပဲ”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။