မန်ယူမှ မဟုတ်ရင် ပြောင်းဖို့ နိုး ပဲ လို့ သဘောထား ပြတ်သားလာတဲ့ စပါးတိုက်စစ်မှုး ကိန်း
ဒီ နွေရာသီဈေးကွက်ထဲမှာ မန်ယူအသင်းဆီကို မပြောင်းရွှေ့ဖြစ်ဘူးဆိုရင် ဟယ်ရီကိန်းဟာ စပါးအသင်းမှာပဲ ဆက် ရှိနေတော့မယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယား တင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် ထာဝရ ဂိုးသွင်းအ များဆုံး စံချိန်ဖြစ်တဲ့ သွင်းဂိုး ၂၆၀ ကို လိုက်မှီဖို့အတွက် ၄၈ ဂိုးပဲ လိုတော့ တာကြောင့် ရေခြားမြေခြား လိဂ်ပြိုင်ပွဲတစ်ခုကို သွားပြီး ကစားချင်တဲ့ ရည် ရွယ်ချက်မျိုး မရှိတာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တစ်ဖက်မှာ စပါးကလည်း ကိန်းကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဆီ ရောင်းချလိုတဲ့ ဆန္ဒမျိုးမရှိဘဲ ဘိုင်ယန်မြူးနစ် လို ပြည်ပက လိဂ်ပြိုင်ပွဲ အသင်းတစ်သင်းဆီကို ရောင်းချင်နေတာပါ။
ဒါပေမဲ့ အရာအားလုံးဟာ ကာယကံရှင်ဖြစ်သူ ကိန်းအပေါ်မှာပဲ မူတည်နေပြီး အင်္ဂလန်သားဟာ မန်ယူကိုမှ မပြောင်း ရရင် အသင်းပြောင်းမယ့် သဘော လုံးဝမရှိဘဲ လန်ဒန်ကလပ်မှာပဲ ဆက်ရှိနေတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီရာသီမှာ စပါးအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ အထိ ရယူပေးခဲ့တဲ့ ကိန်းဟာ လန်ဒန်ကလပ်နဲ့အတူ စာချုပ်သက်တမ်း တစ်နှစ် ကျန်နေပါသေးတယ်။
ဒါကြောင့် ဒီကာလအတွင်းမှာ မန်ယူကို ရောင်းပေးဖို့အတွက် စပါးအသင်း အကြီးအကဲတွေကို ဟယ်ရီကိန်းက နားပူနားဆာ လုပ်မှာဖြစ်ပြီး တကယ်လို့ မရောင်းပေးဘူးဆိုရင်တော့ စာချုပ်သက်တမ်း ကုန်တဲ့အချိန်အထိ စောင့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လစ်မယ့်သဘောမျိုး ရှိနေတယ် လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။
လက်ရှိမှာ ဟယ်ရီကိန်းကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်းရှိနေပြီး မန်ယူနဲ့ နယူးကာဆယ်တို့ ဖြစ်ပါတယ်။
တစ်ခု ရှိတာကတော့ ငှက်ကျားတွေဟာ ဆော်ဒီအသင်းပိုင်ရှင်တွေရဲ့ ကြွယ်ဝချမ်းသာမှုကြောင့် ငွေအင်အား တောင့်တင်း နေပေမဲ့လည်း ဟယ်ရီကိန်းအတွက် ပေါင်သန်း ၁၀၀ ကျော် သုံးမယ့် အခြေအနေမျိုး လုံး၀ မရှိပါဘူး။
နောက်ပြီး စပါးပရိသတ်တွေရဲ့ သဘောထားကို ဆန့်ကျင်ပြီး ချဲလ်ဆီး၊ အာဆင်နယ် တို့ဆီကိုလည်း ဟယ်ရီကိန်းက ပြောင်းမယ့်သူမျိုးလည်း မဟုတ်ပါဘူး။
ဒါကြောင့် ပရီးမီးယားလိဂ်မှာဆိုရင် မန်ယူဟာ ဟယ်ရီကိန်းအတွက် ရွေးချယ် စရာ တစ်ခုတည်းဖြစ်နေပြီး ယူနိုက်တက် ကလည်း စပါးဥက္ကဋ္ဌ ဒန်နီရယ်လီဗီ ကို ရောင်းပေးဖို့အတွက် နားချဖို့ပဲ လိုနေတာဖြစ်ပါတယ်။
ကိန်းကို အသင်း ပြောင်းစေဖို့အတွက် တွန်းအားပေးနေတဲ့ နောက်တစ်ချက်က စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ရာသီသိမ်းခဲ့တာကြောင့် ၂၀၀၈-၀၉ ဘောလုံး ရာသီနောက်ပိုင်း ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ ပထမဆုံးအကြိမ် လွဲခဲ့ရတာပါ။