Breaking News: မေဆင်မောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာပါတော့မယ်
ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်သား ကွင်းလယ်လူ မေဆင်မောင့်ဟာ မန်ယူကို ပြောင်းဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်း ထွက်လာပါတယ်။
အင်္ဂလန်သားရဲ့ အပြောင်းအရွှေ့ အတွက် မန်ယူအသင်းဟာ ကစားသမားရဲ့ ဖခင်ဖြစ်သူ တိုနီ၊ အေးဂျင့်ဖြစ်သူ နေးလ်ဖီးဝင်းတို့နဲ့ အကြေအလည် ဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ အသင်းနှစ်သင်းကြား အပြန်အလှန် သဘောတူညီမှု မရ သေးသလို ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးတော့လည်း သဘောတူတာမျိုး မရှိသေးပါဘူး။
စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာတော့မယ့် နည်းပြ ပိုချက်တီနိုဟာ မေဆင်မောင့်အကြိုက် နည်းပြတစ်ယောက် ဖြစ်ပေမဲ့လည်း အင်္ဂလန်သားကတော့ လန်ဒန်ကလပ်ကို စွန့်ခွာသွားဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။
မန်ယူ နည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့်ဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ်ကို စိန်ခေါ်နိုင်ဖို့အတွက် အရည်အသွေးမြင့် ကွင်းလယ် ကစားသမားတစ်ယောက် ကို လိုချင်နေတာဖြစ်ပြီး မေဆင်မောင့်ကို စောင့်ကြည့်နေခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ် မေဆင်မောင့်ရဲ့ ချဲလ်ဆီးနဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် မန်ယူက လက်ဦးမှု ရလိုက်တဲ့ သဘောမျိုးတော့ ရှိနေပါတယ်။
အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် အင်္ဂလန်သား ကစားကစားသမားတွေကို ပိုပြီးတော့ သဘောကျတယ် လို့ နည်းပြတန်ဟတ်က ပြောခဲ့တာမျိုးရှိပြီး ဈေးကွက်တန်ဖိုးနဲ့ တွက်မယ်ဆိုရင် တော့ ဈေးများတဲ့အထဲမှာ ပါနေတယ်လို့ ပြောခဲ့ဖူးပါတယ်။
” အင်္ဂလန်ကစား သမားတွေကို ကျွန်တော် ခေါ်ချင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ စံမှတ် ကျောက်ဆိုတာ တစ်ခုတည်းရှိပြီးအဲဒါက အရည်အသွေးနဲ့ တန်ဖိုးကို ပေါင်း စပ်ထားတာ။
အင်္ဂလန် ကစားသမားတော်တော်များများကတော့ ဈေးကြီးတဲ့ ပုံစံမျိုး ရှိနေတယ်။ ဒါက ငြင်းလို့မရတဲ့ အချက်ပဲ။ ကုန်ကုန်ပြောရရင် အရည် အသွေးပါပဲ” လို့ နယ်သာလန်သား နည်းပြက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ရယူထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ချဲလ်ဆီး ယာယီနည်းပြ လမ်းပတ်ရဲ့ စိတ်တိုင်းကျ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအကယ်ဒမီထွက်ဖြစ်တဲ့ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာလည်း အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။