အသင်းက ထွက်ရင်ပြီးရော ဆိုပြီး မက်ဂွိုင်းယား ကို လစာအပြည့်ပေး နှင်တော့မယ့် မန်ယူအသင်း

မန်ယူအသင်းဟာ အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယားကို လာမယ့် နွေရာသီ အပြောင်း အရွှေ့ ဈေးကွက်မှာ လုပ်ခလစာ အပြတ်ပေးပြီး နှင်ထုတ်မယ့်သဘော ရှိနေတယ်လို့ သိရပါတယ်။

စနေနေ့မှာ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲဟာ အင်္ဂလန်သားအတွက် မန်ယူကစားသမားဘ၀ နောက်ဆုံးပွဲစဉ် ဖြစ်လာဖို့ရှိနေပြီး အသက် ၃၀ အရွယ် မန်ယူအသင်းခေါင်းဆောင်ဟာ မန်စီးတီးနဲ့ ပွဲမှာ အရန်ခုံနဲ့ပဲ စခန်းသွားရမယ့် အခြေအနေ ရှိနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပြီးခဲ့တဲ့ ၂၀၁၉ ခု နှစ်မှာ လက်စတာကနေပြီး မန်ယူဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရောက်လာခဲ့တဲ့ မက်ဂွိုင်းယားဟာ သူ့ရဲ့ အသက်အရွယ်ပိုင်းနဲ့ ခြေစွမ်းအရ ဆိုရင် လက်ရှိမှာတော့ ကာလပေါက်ဈေး ပေါင်သန်း ၃၀ အောက်မှာပဲ ရှိနေတယ်လို့ သိရပါတယ်။

လက်စတာ နောက်ခံလူဟောင်းဟာ ယူနိုက်တက်နဲ့ ၂ နှစ် သက်တမ်းစာချုပ် ကျန်နေသေးပြီး တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ရနေ သူဖြစ်ပါတယ်။

တကယ်လို့ သူဟာ အသင်းပြောင်းကစားမယ်ဆိုရင် အဲဒီ လုပ်ခလစာရဲ့ ထက်ဝက် လျော့နည်းတဲ့ လစာမျိုးပဲ ရဖို့ရှိနေတာပါ။

တစ်ဖက်မှာလည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး မန်ယူ အသင်းအပေါ် ဖိအားပေးတာ မျိုးတွေလည်း ရှိနေသလို ပွဲကစားချိန်နည်းပါး လွန်းနေတဲ့ မက်ဂွိုင်းယားအတွက် မန်ယူမှာ အဓိက တာဝန် ရှိနေတယ်လို့ သတိပေးခဲ့ပြီး ဒီပုံစံအတိုင်းကြီး လုပ်နေလို့ မရဘူးလို့ ပြောခဲ့ပါတယ်။

ဒါကြောင့် မက်ဂွိုင်းယားရဲ့ အနာဂတ်ဟာ ကစားသမားရဲ့အပေါ်မှာပဲ မူတည် နေတာမျိုးဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က တုံ့ပြန်လိုက်ပြီး မက်ဂွိုင်းယားကို အသင်းမှာပဲ ဆက်ရှိနေဖို့ ဖိအားပေးမှာ မဟုတ်သလို အတင်းအကျပ် ထွက်သွားခိုင်းတာမျိုးလည်း လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီအတွက် မန်ယူအသင်း အကြီးအကဲတွေဟာ မက်ဂွိုင်းယားကို လုပ်ခ လစာနှုန်းထား အပြတ်ရှင်းပေးပြီး အသင်းကနေ ထွက်သွားခိုင်းမယ့် သဘောမျိုး လုပ်လာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။