မန်စီးတီးကို မှီဖို့ ဝေးသေးပေမယ့် ပြီးခဲ့တဲ့ရာသီ မန်ယူ စွမ်းဆောင်မှုတွေ အပေါ် ဖာဒီနန် အကောင်းမြင်

၂၀၂၂-၂၃ ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက်က တိုးတက်မှုရှိခဲ့သော်လည်း မန်စီးတီးကို စိန်ခေါ်ဖို့ အတွက် ဆိုရင် အဆင့်တစ်ခုသို့ ရောက်ဖို့ လိုနေသေးပါတယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။

မန်စီးတီးကတော့ ဆုဖလား ၃လုံးရရှိဖို့ လမ်းကြောင်းပေါ်မှာရှိနေပြီး လာမယ့်ရက်သတ္တပတ်မှာ ချန်ပီယံလိဂ် ဖိုင်နယ်အဖြစ် အင်တာမီလန်နှင့် ကစားရမှာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပရီးမီးယားလိဂ်မှာ အဆင့် ၃ ဖြင့် ရာသီပိတ်နိုင်ခဲ့ခြင်းနှင့် ပြည်တွင်းဖလား၂ လုံးရဲ့ ဖိုင်နယ်သို့ရောက်ခဲ့ခြင်းအတွက် ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က အကောင်းမြင်နေပါတယ်။

“ဒီနှစ်မှာ ယူနိုက်တက်က ဖလား ၂ လုံးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး ၁ လုံးကို ရရှိခဲ့ကာ ထိပ်ဆုံး ၄ သင်း အတွင်း ဝင်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ရာသီအစကတည်းက ဒီလိုပြောခဲ့မယ်ဆိုရင် ကျွန်တော်တို့ခေတ်တုန်းက ယူနိုက်တက် ကစားသမားတွေအားလုံးက ထွက်သွားပါလိမ့်မယ်။

ဒါဟာ နှစ်အနည်းငယ်အတွင်း တိုးတက်မှုဖြစ်တယ်ဆိုတာကိုရော သိပါသလား? ကလပ်ရဲ့ဦးတည်ချက်၊ တိုးတက်မှုနဲ့ တည်ဆောက်ရမယ့် အရာတွေကို တို့တွေကရော မြင်နိုင်ပါ့မလား။ အမြင်အရတော့ ကြီးကျယ်ခမ်းနားတဲ့ အနေအထားမှာ မဟုတ်ပါဘူး။

ကလပ်ရှိဦးဆောင်မှုက မမှန်ကန်သေးပါဘူး။ ရစ်ချက်အားနိုးလ်က ကလပ်ထဲသို့ ရောက်ပြီး မတူညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်နေပြီဖြစ်ပါတယ်။ တန်ဟက်က ရောက်လာခဲ့ပြီး ကက်စ်မဲရိုးနဲ့ မာတီနက်ဇ်တို့ကို ခေါ်ယူခဲ့တာက အထူးသဖြင့် ကြီးမားတဲ့ ကွာခြားချက်ကြီးဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီမှာ ဗာရာနီကလည်း ကြံ့ခိုင်မှုပြည့်ဝခဲ့ပါတယ်”

“ဘရူနိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း တိုးတက်လာကြပါတယ်။ မန်စီးတီးအသင်းကို လိုက်မီဖို့အတွက်ဆိုရင် နောက်ထပ် အားဖြည့်မှုတွေလုပ်ရအုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတွေအားလုံးက ကြိုးစားလုပ်ခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ဖာဒီနန်က ပြောဆို သွားခဲ့ပါတယ်။