ပွဲ ကစားခွင့် မရတဲ့ အပေါ် စိတ်ပျက်နေပြီး မန်ယူကနေ ထွက်ခွာဖို့ စကားစလာတဲ့ ဖရက်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဟာ ဒီနွေအပြောင်းအရွှေ့မှာ ကလပ်ကနေ ထွက်ခွာနိုင်ဖွယ် ရှိတဲ့ အကြောင်း အရိပ်အမြွက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီး စနေနေ့က မန်စီးတီးကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဝင်ဘာလေ က ပွဲမှာ ပွဲထွက်ခဲ့ပြီး မေ့ပျောက်ချင်စရာ စွမ်းဆောင်ရည်သာ ရရှိခဲ့တဲ့ ဖရက်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့အကြောင်း အရိပ်အမြွက်ပြခဲ့ပြီး ဒီရာသီ သရဲနီတွေအတွက် သူ့ရဲ့ ပွဲထွက်ခွင့် ကင်းမဲ့ခြင်းကြောင့် စိတ်ပျက်ရမှုကို ဖော်ပြခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

သူ့စာချုပ်က ၂၀၂၄ မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို သူ့အနာဂတ်နဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပေးခဲ့တာပါ။

“ကျွန်တော်မသိသေးဘူး။ မိသားစုနဲ့ စကားပြောကြည့်ဦးမယ်။ ပြီးတော့ ကျွန်တော့်ကိုယ်စားလှယ်တွေ၊ ကလပ်က သူတွေနဲ့ ဆွေးနွေးရမှာပါ။ နည်းပြနဲ့လဲ စကားပြောရမယ်။ နောက်ရာသီမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ အဲ့ကျမှ သိရမှာပဲ။

ကျွန်တော်က အသင်းမှာ အရေးပါချင်တာ၊ အသင်းကို ကူညီပေးချင်တာ။ ဒါကြောင့် ကြည့်ရမှာပါ။ ဒါပေမယ့် ကျွန်တော် ယူနိုက်တက်မှာ အရမ်းပျော်ပါတယ်။ ကျွန်တော် ကစားခွင့်ရချင်တယ်၊ အသင်းကို ကူညီပေးချင်တယ်။ ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့တယ်လို့ထင်တယ်” ဆိုပြီး ဖရက်က ပြောပြခဲ့တာ ဖြစ်ပါတယ်။