မေဆင်မောင့် ကို မန်ယူ ခေါ်သင့်၊ မခေါ်သင့် စဉ်းစားရမယ့် Opta ရဲ့ အချက်အလက်တွေ ထွက်ပေါ်လာ

ယူနိုက်တက်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးစတားမေဆင်မောင့်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းရန် ဆုံးဖြတ်ထားပုံရပါတယ်။ ဒါပေမဲ့ မှတ်တမ်းမှတ်ရာတွေအရ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း ကောင်းမွန်နေပြီးဖြစ်ကာ မေဆင်မောင့်ကို လိုအပ်နေခြင်း မရှိတာ တွေ့ရပါတယ်။

Opta ရဲ့ မှတ်တမ်းတွေအရ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်နှင့် ခရစ္စတီယန်အဲရစ်ဆင်တို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မေဆင်မောင့်ထက် ပိုပြီးတော့ ကောင်းမွန်ခဲ့ကြတာ တွေ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာနန်ဒက်စ်နှ့င် အဲရစ်ဆင်တို့ဟာ ၂၀၂၂-၂၃ ရာသီမှာ တစ်ပွဲလျှင် ပျမ်းမျှ ၀.၃၇ ဂိုးနှုန်းနှင့် ၀.၂၂ ဂိုးနှုန်းစီ သွင်းထားနိုင်ကြပြီး မေဆင်က ၀.၂၅ ဂိုးနှုန်းပဲ ရှိပါတယ်။ မေဆင်မောင့်ဟာ ဒိန်းမတ်ကွင်းလယ်ကစားသမားကို နှာတစ်ဖျားသာ အသာရထားတာပါ။

ဒါပေမဲ့ စပါးစ်ကွင်းလယ်ကစားသမားဟောင်းဟာ အခြားအပိုင်းတွေမှာ ယူနိုက်တက် ဒုတိယ အသင်းခေါင်းဆောင် နှင့်အတူ မေဆင်မောင့်ထက် များစွာ သာလွန်နေပါတယ်။

ယူနိုက်တက်စတားနှစ်ဦးတို့ဟာ တစ်ပွဲပျမ်းမျ ဂိုးပေါက်တည့်ကန်ချက် ၀.၉၉ နှင့် ၁.၁၂ နှုန်းရှိထားကာ မေဆင်မောင့်က ၀.၈၆ နှုန်းပဲ ရှိပါတယ်။ ဒါ့အပြင် ယူနိုက်တက်စတားနှစ်ဦးက တစ်ပွဲပျမ်းမျှ ဖန်တီးမှုနှုန်း ၀.၃၁ နှင့် ၀.၂၈ နှုန်းစီရှိကာ မေဆင်မောင့်က ၀.၂ နှုန်းပဲ ရှိပါတယ်။

ယူနိူက်တက်စတားနှစ်ဦးတို့ဟာ ဘောလုံးဖျက်ထုတ်ရာမှာလည်း မေဆင်မောင့်ထက် ပိုကောင်းပါတယ်။ ၎င်းတို့နှစ်ဦးက ၀.၉၃ နှင့် ၀.၉၄ စီရှိခဲ့ပြီး မေဆင်မောင့်က ၀.၈ ပဲ ရှိပါတယ်။

ဒါ့အပြင် မေဆင်မောင့်ဟာ ဘောလုံးပေးပို့မှုအပိုင်းမှာလည်း ယူနိုက်တက်စတားနှစ်ဦးလောက် မကောင်းမွန်ပါဘူး။ မေဆင်မောင်ဟာ ၄၃.၈၂ နှုန်းသာ ပြုလုပ်ထားနိုင်ပြီး အဲရစ်ဆင်က ၅၇.၆၁ နှင့် ၅၅.၇၁ နှုန်းစီ ပြုလုပ်ထားကြပါတယ်။ ယူနိုက်တက်စတားနှစ်ဦးဟာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှုပြုလုပ်ရာမှာလည်း မေဆင်မောင့်ထက် ပိုလုပ်ပြထားနိုင်ပါတယ်။

ဒိန်းမတ်စတားက ၄၇.၀၅ နှုန်း၊ ဘရူနိုဖာနန်ဒက်စ်က ၄၃.၃၆ နှုန်းလုပ်ထားပြီး မေဆင်မောင့်ကတော့ ၃၇.၃၈ နှုန်းပဲ ပြုလုပ်ထားနိုင်ပါတယ်။

ဘောလုံးထိမှုမှာလည်း အဲရစ်ဆင်နှင့် ဖာနန်ဒက်စ်က ၇၈.၀၄ နှင့် ၇၅.၄၅ နှုန်း ပြုလုပ်ထားကာ မေဆင်မောင့်က ၆၄.၇၂ နှုန်းပဲ ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ မေဆင်မောင့်ဟာ အောင်မြင်တဲ့ ဘောလုံးဖျက်ထုတ်မှု ပြုလုပ်ရာမှာတော့ ယူနိုက်တက်စတားနှစ်ဦးထက် ပိုပါတယ်။ မေဆင်မောင့်ဟာ တစ်ပွဲပျမ်းမျှ အောင်မြင်တဲ့ ဖျက်ထုတ်မှု ၁.၇၁ နှုန်းပြုလုပ်ထားပြီး အဲရစ်ဆင်နှင့် ဖာနန်ဒက်စ်တို့က ၁.၃၂ နှင့် ၁.၆၉ ကြိမ်နှုန်းသာ ပြုလုပ်ထားနိုင်ပါတယ်။

အထက်ပါ အချက်အလက်တွေကတော့ ယင်းကစားသမား ၃ ဦးတို့ဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီမှာ စွမ်းဆောင်ပြခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ အချက်အလက်တွေကို ကြည့်ရင် မေဆင်မောင့်ဟာ ယူနိုက်တက်ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ အဲရစ်ဆင်နှင့် ဖာနန်ဒက်စ်တို့လောက် ကောင်းမွန်ခြင်း မရှိတာ တွေ့ရပါမယ်။ ဒါကြောင့် မေဆင်မောင့်က ယူနိုက်တက်အတွက် အမှန်တကယ် လိုအပ်နေတဲ့ ခေါ်ယူမှုမျိုး ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့တော့ ယူဆရပါမယ်။