Breaking News: မန်ယူ အသင်း ပိုင်ရှင်သစ် ဘယ်သူတွေ ဖြစ်မလဲ အဖြေ ထွက်ပေါ်လာပါပြီ

ကာတာအဖွဲ့ ဦးဆောင်သူ ရှိတ်ဂျက်ဆမ်ဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူရေး အနိုင်ရသွားခဲ့ပြီလို့ ၎င်းတို့ရဲ့ ဒေသတွင်း သတင်းတွေက ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

ရှိတ်ဂျက်ဆမ်နဲ့ ဗြိတိန်ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ချ်တို့ အပြိုင် ချိတ်ဆက်နေတဲ့ ဝယ်ယူမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့သလို ဒီအပတ်ထဲမှာပဲ အတည်ပြု သတင်းတွေကို ထုတ်ပြန်လာတော့မယ်လို့ အင်္ဂလန်သတင်းဌာန ဒေးလီးမေလ်းကလည်း ဆိုထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရက်ကလစ်ချ်ရဲ့ Ineos ကုမ္ပဏီက အသာရနေမှု ရှိခဲ့ပေမယ့်လို့ ရှိတ်ဂျက်ဆမ်ဘက်က ကမ်းလှမ်းကြေးကို တိုးပေးလိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ရေးမှာ ကာတာအဖွဲ့က အလေးသာသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဈေးညှိနှိုင်းမှု အတွက်လည်း ပီအက်စ်ဂျီ အသင်း ဥက္ကဌ ကိုယ်တိုင် ကြားဝင် ညှိပေးခဲ့တယ်လို့ သိရပါတယ်။

ကာတာသတင်းတွေက ဖော်ပြမှုကို ကိုးကားပြီး ဗြိတိန်သတင်းတွေမှာ အကျယ်တဝန်း ဖော်ပြလာရာမှာတော့ ရှိတ် ဂျက်ဆမ်တို့က ဈေးပြိုင်ကမ်းလှမ်းမှုမှာ အနိုင်ရခဲ့တယ်။ မကြာခင်မှာ အပြီးသတ်ကိစ္စ ကြေညာဖို့အတွက် လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ရှိတ်ဂျက်ဆမ်ဟာ ယူနိုက်တက်ကို အပြီးပိုင်း ထိန်းချုပ်နိုင်ရေး ကမ်းလှမ်းခဲ့တာဖြစ်ပြီး ရက်ကလစ်ချ်ကတော့ ၆၀% လောက်ကို ဝယ်ယူနိုင်ရေးအတွက် ကမ်းလှမ်းခဲ့တာပါ။ ဒါကြောင့်လည်း ငွေကြေးအများကြီးရမှာ ဖြစ်သလို ရှေ့ဆက်လည်း ပိုင်ဆိုင်ခွင့် တစိတ်တပိုင်းရှိဦးမယ့် ရက်ကလစ်ချ်ရဲ့ ကမ်းလှမ်းချက်ကို ဂလေဇာတို့ သဘောကျခဲ့တာ ဖြစ်ပါတယ်။

၇ လကြာအပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူရေး ကိစ္စ ပြီးပြတ်တော့မှာမို့ ဒီနွေမှာတော့ နည်းပြတန်ဟက်ရဲ့ အသင်းဟာ လူစာရင်း အင်အားဖြည့်မှုတွေအတွက် ပြတ်သားတဲ့ ထောက်ပံ့မှု ရသွားဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။