မက်ဂွိုင်းယား အတွက် နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုအား မန်ယူ အပြတ် ငြင်းဆန်

မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွိုင်းယားရဲ့ နယူးကာဆယ်ထံ အငှားပြောင်းရွှေ့မယ့်ကိစ္စကို ငြင်းဆန် နေပေမယ့် အပြီးသတ် ဝယ်မယ် ဆိုရင်တော့ ဆွေးနွေးဖို့ ဆန္ဒရှိနေမှာ ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ အသင်းခေါင်းဆောင်ဖြစ်ပေမယ့်လဲ အိုးလ်ထရက်ဖို့ဒ်ရဲ့ နေရာအစဉ်လိုက်မှာ ချောင်ထိုး ခံထားရပြီး ၂၀၂၂-၂၃ ရာသီအတွင်း ပရီးမီးယားလိဂ် ၁၆ ပွဲသာ ကစားခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခု သူဟာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတာဖြစ်ပြီး နယူးကာဆယ်၊ စပါး၊ အက်စ်တွန်ဗီလာတို့ရဲ့ စိတ်ဝင်စားခံနေရပါတယ်။

နယူးကာဆယ်က သူ့ကို အငှားနဲ့ ခေါ်ယူချင်ခဲ့ပေမယ့် သရဲနီတွေဟာ ငွေကြေး အကျိုးခံစားခွင့်မပါပဲ ထိပ်ဆုံးလေးသင်း ပြိုင်ဘက် အသင်းတစ်သင်းထံ အငှားချပေးဖို့ ဆန္ဒမရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ကာဆယ်အနေနဲ့ မက်ဂွိုင်းယားကို လိုချင်ရင် သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်။

မက်ဂွိုင်းယားဟာ တန်ဟက်ရဲ့အစီအစဉ်တွေထဲမှာ ပိုပြီး ပုံမှန်နေရာရဖို့ တိုက်ပွဲဝင်ချင်နေတာကြောင့် အသင်းမှာ ဆက်ရှိနေချင်ပေမယ့် ယူနိုက်တက်ကတော့ နာပိုလီ ဗဟိုနောက်ခံလူ ကင်မင်ဂျယ်ကို ခေါ်ယူဖို့အတွက် အသုံးစရိတ် ရချင်နေတာဖြစ်ပါတယ်။