ဂလေဇာတို့အား သတိပေးမှု၊ ဒီတပတ်ထဲ ထူးမယ့် မေဆန်မောင့်၊ ဂင်မင်းဂျယ် ကို ဝင်လုလာတဲ့ ကာဆယ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

ရှိတ်ခ် ဂျက်ဆင်မ်ကို ရောင်းမလိုလို ဆာဂျင်မ် ရက်ဒ်ကလစ်ဖ်ကို ရောင်းမလိုလိုနဲ့ ဈေးကိုင်ပြီး မည်မည်ရရလဲ မဆုံးဖြတ်နိုင် သေးဘဲ လောဘကြီးလွန်းနေတဲ့ အသင်းပိုင်ရှင် ဂလေဇာတွေရဲ့ လုပ်ရပ်က မန်ယူတို့ကို ထိခိုက် နစ်နာစေပြီး အဲရစ် တန်ဟတ်ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်မှုကို ဆိုးကျိုး သက်ရောက်စေလိမ့်မယ်လို့ သတိပေးခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် က ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ ထားခဲ့ပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စ ဆွေးနွေးမှုကတော့ ကြန့်ကြာနေခဲ့ချိန်မှာ ဒီတစ်ပတ်အတွင်းမှာတော့ အခြေအနေ တိုးတက်လာမယ်လို့ သတင်းတွေ ဖော်ပြလာပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက သာမန်ထက် ခြေစွမ်းနိမ့်ပါးနေခဲ့သလို ပွဲ ကစားခွင့် နည်းနေခဲ့တာကြောင့် မအောင်မြင်တဲ့ ခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေပြီး မန်ယူတာဝန်ရှိသူတွေအနေနဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားရဖို့ ရှိလာပါတယ်။

ဒီရာသီမှာ အသုံးစရိတ်တွေ ချိန်ညှိသွားဖို့ ရှိနေတဲ့ ပေါ်တိုအသင်းကြောင့် မန်ယူတို့အတွက် ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ အဆင်ပြေစေမယ်လို့ ခန့်မှန်းထားကြပြီး အသင်းဥက္ကဌ ပင်တို ဒါးကော်စတာအနေနဲ့ ယူရို ၇၅ သန်း တောင်းဆိုထားမှုကို အနည်းငယ် လျှော့ပေါ့ပေးဖွယ်ရှိနေပါတယ်။

နာပိုလီနောက်ခံလူ ဂင်မင်းဂျယ်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ နှောင့်နှေးနေတဲ့ မန်ယူတို့ဆီက ဖြတ်လုဖို့ ပြိုင်ဘက် နယူးကာဆယ်လ်အသင်းက ကြိုးစားလာခဲ့ပြီး ၂၆ နှစ်အရွယ် တောင်ကိုရီးယားသားအတွက် နာပိုလီတို့ဘက်က တောင်းတဲ့ ဈေးကို ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မန်ယူ တိုးတက်လာမှုမှာ အတွေ့အကြုံ မြင့်မားတဲ့ ကွင်းလယ်အဖျက်ကစားသမား ကာစီမီရိုရဲ့ သက်ရောက်မှုက ကြီးမားလွန်းပြီး နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အကျိုးပြုနိုင်မှုနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေက အဓိက ကျခဲ့တယ်လို့ ပြီးခဲ့တဲ့ နွေရာသီ ခေါ်ယူမှုနှစ်ခုကို ပေါလ် စခိုးလ် က ချီးကျူးခဲ့ပါတယ်။