မန်ယူ ပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာ မိသားစု အပေါ် အတော်ကို စိတ်ပျက်နေပြီ လို့ နဗီးလ် သတိပေး

ဒီနှစ်ဘောလုံးရာသီအတွင်း နယ်သာလန်လူမျိုး နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့ အတူ အတိုင်းအတာတစ်ခုအထိ ပုံစံကောင်း ပြသလာကာ တိုးတက်လာခဲ့ပေမဲ့ ငွေကြေးသုံးစွဲမှု နည်းပါးနေတဲ့ ဂလေဇာမိသားစုအပေါ် ပရိသတ်တွေ အတော် စိတ်ပျက် ငြီးငွေ့နေပြီ ဖြစ်တဲ့အကြောင်း ဂယ်ရီနဗီးလ်က ဖွင့်ဟပြောဆိုလာပါတယ်။

ကတာအခြေစိုက်စီးပွားရေးရင်းနီးမြှပ်နှံမှုလုပ်ငန်းစုရဲ့ အကြီးအကဲ ရှိတ်ခ်အယ်သာနီအပါအဝင် ဗြိတိန်နိုင်ငံရဲ့ အကြွယ်ဝအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် တို့က ယူနိုက်တက်အသင်းကို အပြီး ဝယ်ယူခွင့်ရရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းမှု ရေချိန်မြင့်နေချိန်တွင် ဂလေဇာမိသားစုအနေဖြင့် ရောင်းချသွားရန် ပရိသတ်တွေရဲ့ သဘောထားအမြင်နဲ့ ဆက်စပ် သုံးသပ်ကာ တွန်းအားပေးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

သရဲနီ ဂန္ဓဝင်ကစားသမားတစ်ဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ် က ဂလေဇာမိသားစုအပေါ် ငြီးငွေ့နေပြီဖြစ်ကြောင်းကို ရက်စ်ဟမ်းအသင်းကို ရည်မှန်းချက် ကြီးမားစွာတည်ဆောက်ရင်း လိဂ် ၂ပြိုင်ပွဲသို့ တန်းတက်ခွင့်ရခဲ့တဲ့ အထိ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ရိုင်ယန်ရေးနိုးလ်၊ ရော့ဘ်မက်အယ်လ်ဟန်နေး တို့နဲ့ နှိုင်းယှဉ်ကာ ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွမှုနည်းကြောင်း သုံးသပ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုရဲ့ လုပ်ဆောင်နေမှုနဲ့ ပက်သက်လို့ ဂယ်ရီနဗီးလ်က

“ရက်စ်ဟမ်းအသင်းက ခိုင်မာတဲ့ ရေရှည်အစီအစဉ်တွေ သေချာချမှတ်ပြီး လုပ်ဆောင်နေတာပါ။ ချန်ပီယံရှစ်ကို တန်းတက်ခွင့်ရရန် အဓိက ကြိုစားမယ်။ ပြီးရင် ပရီးမီးယားလိဂ်ပေါ့။

၃နှစ်၊ ၈နှစ် ဒါမှမဟုတ် ၁၂လည်း ကြာကောင်းကြာနိုင်ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က တကယ်ကို ရှင်းလင်းနေတာပါ။ ယူနိုက်တက်အသင်းရဲ့ပိုင်ရှင် တွေမှာ ဒီလို သဘောတရားမျိုး မတွေ့ရပါဘူး။ သရဲနီပရိတ်သတ်တွေက ဒီအပေါ် အတော် စိတ်ပျက် ငြီးငွေ့နေကြပါပြီ” လို့ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။