ကိန်း အပြင် နောက်ထပ် တိုက်စစ် ပစ်မှတ်ကိုပါ လက်လျှော့ရတော့မယ့် မန်ယူအသင်း
တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် စပါးအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို ပေးဖို့ စိတ်ကူးမရှိတဲ့ မန်ယူကြောင့် အပြောင်း အရွှေ့ကိစ္စ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။
နွေရာသီဈေးကွက်ထဲမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အဓိက ပစ်မှတ်ဟာ ဟယ်ရီကိန်းပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ လာမယ့် လထဲမှာ အသက် ၃၀ ပြည့်တော့မယ့် ကိန်းအတွက် စပါးအသင်း ဥက္ကဋ္ဌ ဒီန်နီလီဗီက ပေါင်သန်း ၁၀၀ အထိ လိုချင်နေတာပါ။ ဒီအတွက် ငွေကို ရေလို မသုံးနိုင်သေးတဲ့ မန်ယူဟာ ကိန်းအတွက် တောင်းတဲ့ဈေးကိုတော့ ပေးဖို့ ငြင်းဆန်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအတွက် နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆင်ဟမ်ကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ဖို့ ကိစ္စကတော့ ပို ဆိုးသွားပြီပေါ့။ နာပိုလီအသင်းပိုင်ရှင်ဖြစ်တဲ့ ဒီလော်ရန်တစ်ဟာ သူတို့ရဲ့ စူပါအီးဂဲလ်ကို စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်သန်း ၁၂၀ မှ မပေးရင် အာမချောင်နဲ့လို့ ပြောထားပြီးသားဖြစ်ပါတယ်။
လက်ရှိမှာ တိုက်စစ်မှူး တစ်ယောက်အတွက် မန်ယူအသင်း သုံးနိုင်တဲ့ ငွေအင်အားက ပေါင်သန်း ၄၀ နဲ့ ၆၀ ကြားမှာပဲ ရှိနေတာကြောင့် စောစောက ပြောခဲ့တဲ့ ကစားသမားတွေထက် ပရိုဖိုင် တစ်ဆင့် နိမ့်တဲ့ အတ္တလန္တာတိုက်စစ်မှူး ရာမတ်စ်ဟိုလွန်းကို ခေါ်ဖို့ လောက်ပဲ ဖြစ်နိုင်လိမ့်မယ်လို့ ဒေးလီးမေးလ် သတင်းဝက်ဘ်ဆိုက်က ဆိုပါတယ်။
ဟိုလွန်းဆိုတာက အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်ပြီး ဥရောပ ကစားသမားတွေ ထဲမှာ အလားအလာအ ရှိဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်နေလို့ပါ။
နောက်ပြီး ဟိုလွန်းကို ခေါ်ရင် ဟယ်ရီကိန်းကို ခေါ်မယ့် ဈေးထက် တစ်ဝက်လောက် သက်သာမယ့် အနေ အထားမျိုး ဖြစ်နေပါတယ်။ နည်းပြအဲရစ်တန်ဟတ်ရဲ့ နွေရာသီ အဓိက ပစ် မှတ် ၃ မျိုးက ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်၊ ကွင်းလယ်လူ တစ်ယောက်နဲ့ ခံစစ်သမားတစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာတော့ ခံစစ်နေရာအတွက် နာပိုလီ နောက်ခံလူ ကင်မင်ဂျေးကို သဘောတူလိုက်ပြီလို့ သတင်းရထားပြီး မေဆင်မောင့်ကို ပေါင်သန်း ၄၀ နဲ့ ဈေးနှိမ်ပြီး ကမ်းလှမ်းခဲ့လို့ ပယ်ချခံထား ရပါတယ်။
ဂိုးသမားနေရာနဲ့ ပတ်သက်လို့ကတော့ လက်ရှိ ဂိုးသမား ဒီဂီယာရဲ့ အခြေအနေ အပေးမှာ မူတည်နေပြီး စာချုပ်သက်တမ်း တိုးဖြစ်ခဲ့မယ်ဆိုရင် တော့ အသစ် ထပ်ခေါ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။