နောက်ရာသီမှ အသင်းပိုင်ရှင်သစ်ကို ဆုံးဖြတ်တော့မယ့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချမယ့်ကိစ္စဟာ နောက်ရာသီအစမှာ ပြီးဆုံးဖို့ မဖြစ်နိုင်တာနဲ့အတူ အသင်း ပိုင်ရှင် အပြောင်းအလဲ လုပ်ငန်းစဉ်က ကြန့်ကြာနေဦးမှာ ဖြစ်ပါတယ်။
ကာတာ လုပ်ငန်းစုနဲ့ ဂလေဇာတွေကြား သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ထင်ခဲ့ရပြီး ကလပ်ဟာ ကာတာ ကမ်းလှမ်းမှုအတွက် သီးသန့်ကာလတစ်ခုကို ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အရောင်းအဝယ်ကိစ္စ ပြီးမြောက်ဖို့ အချိန်အနည်းငယ် ယူရဦးမှာဖြစ်ပြီး ဩဂုတ် ၁၁ ရက်မှာ ပရီးမီးယားလိဂ် ရာသီသစ် စတင်တဲ့အချိန်ထိ အပြီးသတ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂလေဇာတွေဟာ သူတို့ပိုနှစ်သက်တဲ့ ကမ်းလှမ်းသူကို ကြေညာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဝယ်ယူမှုလုပ်ငန်းစဉ် တစ်ခုရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်အနေနဲ့ ကြန့်ကြာမှုတွေက အသင်းပိုင်ရှင်သစ်အပေါ် ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားနေမှုတွေကို ရပ်တန့်သွားစေခဲ့တာပါ။
ရှိတ်ဂျက်ဆင်းရဲ့ ကမ်းလှမ်းမှုက အသာစီးရနေတယ်လို့ အစောပိုင်းသတင်းတွေက ဆိုခဲ့ပေမယ့်လဲ ဆာဂျင်ရတ်ကလစ်နဲ့ သူ့ရဲ့ Ineos အုပ်စုကလဲ ကမ်းလှမ်းမှု ပြိုင်ပွဲထဲမှာ ရှိနေသေးဆဲဖြစ်ပါတယ်။