ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ကြည့်ခဲ့ပေမယ့် ပွဲပြီးပြီးချင်း တီဗီ ထပိတ်ခဲ့တဲ့ မန်ယူတိုက်စစ်မှုး ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ၎င်းတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ချန်ပီယံလိ ဂ်ဖိုင်နယ်ပွဲအပြီး အောင်ပွဲခံပုံကို မမြင်တွေ့ချင်တာကြောင့် တီဗီ ချက်ချင်း ပိတ်ပစ်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီအသင်းရဲ့ အောင်ပွဲခံပုံကို အက်ဖ်အေဖိုင်နယ်ပွဲစဉ်တုန်းက ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခဲ့ရဖူးသူ တစ်ယောက်ဖြစ်ပြီး နောက်ထပ်တစ်ခေါက် အင်တာနဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်မှာတော့ပွဲပြီးတာနဲ့ တီဗီကို ချက်ချင်း ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရက်ရှ်ဖို့ဒ်က “ သူတို့အသင်းရဲ့ ဒီနှစ် ကစားပုံက ဆုဖလားတွေနဲ့ ထိုက်တန်မှုရှိပါတယ်၊ ကျွန်တော်က ဘောလုံးပွဲစဉ်တွေကို ကြည့်ရှုလေ့ရှိသလို အထူးသဖြင့် ပိုကောင်းကောင်း ကစားပြတဲ့ အသင်းတွေရဲ့ ပွဲစဉ်တွေဆိုရင် ပိုပြီး ကြည့်ဖြစ်ပါတယ်၊ ဒါပေမယ့် သူတို့အသင်းရဲ့ အောင်ပွဲခံပုံကိုတော့ ကျွန်တော် ကြည့်ဖို့ မလိုအပ်ပါဘူး၊
သူတို့အသင်းက အရမ်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ပိုပြီး အင်အားတောင့်တင်းဖို့ သူတို့အသင်းက ကစားသမားတွေ လိုအပ်ပါတယ်၊
သူတို့ လုပ်ပြခဲ့တဲ့ အရာတွေထဲမှာ ပိုပြီး လူပြောများစရာ ဖြစ်ခဲ့တာက ဖလားသုံးလုံး အောင်မြင်မှုလို့ပဲ မြင်မိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လည်း လာမယ့်ရာသီ အကောင်းဆုံး ကြိုးစားသွားမှာပါ၊ ဘာမှ ရှက်ကြောက်နေစရာ မလိုပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မန်စီးတီးအသင်း ကစားသမား တော်တော်များများ ပါဝင်လာမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းက အခြား အသင်းတွေထက် ပိုမို အင်အားတောင့်တင်းနေဦးမှာ ဖြစ်သလို မန်ယူအသင်းမှ ရက်ရှ်ဖို့ဒ် တို့အပြင် မက်ဂွိုင်းယားတို့လို ကစားသမားတွေလည်း လက်ရွေးစင်အသင်းထဲ ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။