ဒီဂီယာ ကို ထွက်ခွင့်ပေးပြီး ရှယ် ဂိုးသမားတွေ ခေါ်ချင်ပေမယ့် စိတ်ရှိတိုင်း မလုပ်နိုင် ဖြစ်နေတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့အနာဂတ်ဟာ ယမန်နေ့ည လာမယ့်ရာသီ အသင်းမှာ ဆက်ရှိမယ့် ကစားသမားစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့နောက် မရေမရာဖြစ်လာပါတယ်။
ယူနိုက်တက်ရဲ့ ကာလရှည်ဂိုးသမားဖြစ်ခဲ့တဲ့ ဒီဂီယာရဲ့စာချုပ်ပြဿနာက နောက်ထပ်အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပြီး ယခုအချိန်မှာဆိုရင် ၃၂နှစ်သားရဲ့ အိုးထရက်ဖို့ဒ်အနာဂတ်ဟာ မရေရာဖြစ်လာသလို ဆော်ဒီကလပ် ၃သင်းကလည်း စပိန်သးကို လိုက်နေကြောင်း သတင်းတွေက ဆိုလာပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီဂီယာကို လစာလျော့ပေးပြီး အသင်းမှာဆက်ထားဖို့ လွန်ခဲ့တဲ့လတွေကတည်းက စီစဉ်ခဲ့ကြပေမယ့် နည်းပြ တန်ဟတ် ကတော့ စပိန်သားရဲ့လက်စွမ်းအပေါ် ကျေနပ်ခြင်းမရှိခဲ့ပါဘူး။
တန်ဟတ်ရဲ့ဆန္ဒကတော့ နွေရာသီအတွင်း အဓိကဂိုးသမားတစ်ဦးခေါ်ယူလိုနေတာဖြစ်ပြီး အိုနာနာ၊ ရာယာ၊ ဒီယိုဂိုကော်စတာတို့လို ကစားသမားတွေကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် FFPစည်းမျဉ်းကြောင့် ယူနိုက်တက်ရဲ့ နွေရာသီအသုံးစရိတ်ဟာလည်း အကန့်အသတ်နဲ့ဖြစ်နေခဲ့တာပါ။
အဓိကအားဖြင့် တိုက်စစ်မှူးနဲ့ ကွင်းလယ်လူနေရာကို အားဖြည့်ဖို့က ယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပြီး ယခု အချိန်မှာတော့ ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်ကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပါတယ်။
ယူနိုက်တက်အနေနဲ့ အခြားနေရာတွေ အားဖြည့်ချင်ရင်တော့ လက်ရှိကစားသမားတွေကို ရောင်းထုတ်ပြီး လူသစ် ခေါ်ယူတာကပဲ ရွေးချယ်စရာဖြစ်နေပါတယ်။
ယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခုရှိတာကတော့ ယမန်နှစ်ရာသီ နော်တင်ဟမ်ဖောရက်စ်မှာ အငှားနဲ့ သွားကစားခဲ့တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်ကို နံပါတ်တစ် ဂိုးသမားနေရာပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဟန်ဒါဆန်ဟာ လက်ရှိမှာ ပေါင်ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ရာသီအစမှာ ပြန်ကောင်းလာဖို့ မျှော်မှန်းထားပါတယ်။