နာမည်ကြီးတွေက မဟန်လို့ ပရီးမီးယားလိဂ်မှ ပေါချောင်ကောင်း တိုက်စစ်မှုးလေးကို မန်ယူ ပြောင်းလဲ ချိန်ရွယ်
အထောင် တိုက်စစ်နေရာအတွက် ကစားသမားသစ် တစ်ဦး မဖြစ်မနေ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ အထောင်တိုက်စစ်မှူး ခေါ်ယူနိုင်ဖို့ကလည်း ခက်ခဲနေရတာကြောင့် အခုဆိုရင် အက်စတွန် ဗီလာရဲ့ တိုက်စစ်ကစားသမား အိုလီဝက်ကင်းစ် အထိပါ ပစ်မှတ်ထားလာ ပါတယ်။
ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ပြီးကတည်းက အသင်းအတွက် အထောင် တိုက်စစ် ကစားသမားကောင်း တစ်ဦးကို လိုအပ်လာခဲ့တဲ့ ယူနိုက်တက်ဟာ ဟာရီကိန်း ဗစ်တာအိုဆင်မန် ဂွန်ဆာလိုရာမို့စ် ကိုလိုမူအာနီတို့ကို တောက်လျှောက် ပစ်မှတ်ထားခဲ့တာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် ဒီကစားသမားတွေအတွက် သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ တန်ကြေး သတ်မှတ်မှုတွေက အနိမ့်ဆုံး ပေါင် သန်း(၁၀၀)အထိ ရှိနေတာက အသုံးစရိတ် အများအပြား မရထားတဲ့ ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။
ဒီအချိန်မှာ အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုက်လန်းကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က အသေအချာ ကြိုးပမ်းလာခဲ့ရာမှာလည်း အတ္တလန်တာက သူတို့ ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို မတန်မရာတွေ ဈေးခေါ်လာခဲ့ပြန်တာကြောင့် ယူနိုက်တက်တို့ ထပ်မံ တိုင်ပတ်သွားခဲ့ရပါတယ်။
ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး ဝက်ကင်းစ်ဘက်ကို အာရုံစိုက်လာခဲ့တယ်လို့ နာမည်ကျော် ဗြိတိန် သတင်းမီဒီယာ The Athletic က ဖော်ပြလာခဲ့ပါတယ်။
လက်ရှိ အခြေအနေအရတော့ ယူနိုက်တက်က ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက်ကိုသာ ဦးစားပေး ကြိုးပမ်းလို့နေပြီး ချယ်လ်ဆီး လိုချင်နေတဲ့ ပေါင် သန်း(၇၀)အထိ ကမ်းလှမ်းလာဖို့ မရှိသေးပေမယ့်လည်း ပေါင် သန်း(၅၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်သွားဖွယ် ရှိနေကာ ဒီရက်ပိုင်းအတွင်းမှာပဲ ကမ်းလှမ်းနိုင်ပါတယ်။
တိုက်စစ်ပိုင်းအတွက်တော့ ဟွိုက်လန်း နဲ့ ဝက်ကင်းစ်တို့ထဲက တစ်ဦးဦးကို အရ ကြိုးပမ်းသွားဖို့လည်း ရှိနေသေးပြီး တိုက်စစ်မှူးတစ်ဦးဦးကိုတော့ မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပါတယ်။