မန်ယူမှာ ဂိုးသမား ဒီဂီယာ ရဲ့ လစာတွေက မားကပ် ရက်ရှ်ဖို့ဒ်ဆီ ရောက်သွားပါတော့မယ်
မန်ယူ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၃၇၅၀၀၀ နဲ့ သက်တမ်း တိုးပြီးရင် အသင်းရဲ့ လုပ်ခ လစာအများဆုံး ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
လက်ရှိ လုပ်ခလစာ အများဆုံး ဖြစ်တဲ့ ဂိုးသမား ဒေး ဗစ် ဒီဂီယာဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရနေသူဖြစ်ပြီး ရက်ရှ်ဖို့ဒ်ရဲ့ သက်တမ်းတိုးစာချုပ် အသစ်အရ အင်္ဂလန်သားဟာ ယူနိုက်တက်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာတော့မှာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ တစ်ပတ်ကို လုပ်ခလစာ ပေါင် ၂၀၀၀၀၀ ရနေသူဖြစ်ပြီး စာချုပ်သက်တမ်းက တစ်နှစ် ကျန်နေပါသေးတယ်။ သူ့ရဲ့ လက်ရှိ စာချုပ်ပါအချက်အလက်အရ ယူနိုက်တက်ဟာ အင်္ဂလန်သားကို နောက်ထပ် ၁၂ လ သက်တမ်းထပ်တိုးခွင့် ရှိနေပါတယ်။
ဒါကြောင့် အဲဒီ ၁၂ လကို ထပ်ပြီး အသက်သွင်းဖို့ မန်ယူက ကြိုးစားခဲ့အပြီးမှာတော့ ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ် အဝတ်လဲခန်းထဲက လုပ် ခ လစာအများဆုံး ကစားသမား ဖြစ်လာတော့မှာပါ။
အသက် ၃၂ နှစ်အရွယ် ဒီဂီယာကတော့ လက်ရှိမှာ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး ယူနိုက်တက်ကတော့ သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ စပိန်သားကို လက်ရှိရနေတဲ့ လုပ်ခလစာထက် တစ်ဝက်နီးပါး လျှော့ချပြီး ပေါင် ၂၀၀၀၀၀ ပဲ ပေးတော့မယ်လို့ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
တချို့ကလည်း ဒီဂီယာကို အခုလိုမျိုး လစာ လျှော့ပစ်လိုက်တာဟာ ရက်ရှ်ဖို့ဒ်ကို တိုးပေးချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောတာမျိုးတွေ လည်း ရှိပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ရဲ့ အတွင်း သတင်းတစ်ခုကတော့ ဒီဂီယာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားမယ် ဆိုရင်လည်း အသင်း အနေနဲ့ တုန်လှုပ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဒီဂီယာဟာ ပေါင် ၂၀၀၀၀၀ နဲ့ပဲ ကျေနပ်ပြီး ယူနိုက်တက်မှာ ဆက်ရှိမယ်ဆိုရင်လည်း ရက်ရှ်ဖို့ဒ်ကို စာချုပ်သက်တမ်းတိုးဖို့ ကိစ္စက တော်တော်လေး အဆင်ပြေသွား နိုင်တာမျိုးပါ။
ဒီလိုမှမဟုတ်ဘဲ ဒီဂီယာ ထွက်သွားမယ်ဆိုရင်လည်း ပိုက်ဆံ အပိုထွက်လာမယ့် သဘောမျိုးရှိနေတာကြောင့် ယူနိုက်တက်က ဒီကိစ္စကို ကျေကျေနပ်နပ်ကြီး လုပ်မယ့်သဘော ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ မန်ယူအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြ တန်ဟတ်နဲ့ အပေးအယူ မျှနေတာကြောင့် စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို အနှေးနဲ့ အမြန်ဆိုသလို လုပ်တော့မှာဖြစ်တယ် လို့လည်း သိရပါတယ်။