အသင်းပြောင်းလာချင်ရင် စပါးကို Transfer request တင်လို့ ကိန်း ကို ပြန်ကိုင်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
စပါး တိုက်စစ်မှုး ဟယ်ရီကိန်းအနေနဲ့ ဒီနွေမှာအသင်း အပြောင်းအရွှေ့လုပ်ဖို့အတွက် သူရဲ့လက်ရှိကလပ် စပါးအသင်းထံကို ပြောင်းရွှေ့ခွင့် တောင်းဆိုမှုတွေ လုပ်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းဘက်က တိုက်တွန်းနေပါတယ်။
မကြာခင်မှာပဲ အသက် (၃၀)ပြည့်တော့မယ့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ လာမယ့်နှစ်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းတိုးဖို့က မရေရာသေးသလို ဒီနွေမှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လက်ရှိမှာလည်း သူ့ကို မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့က အသည်းအသန် ခေါ်ယူသွားချင်နေပြီး စပါးဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းချသွားဖို့ ငြင်းဆန်ထားခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ ကိန်းက အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ စိတ်ကူးရှိနေသလို တကယ်လို့ စပါးဘက်ကလည်း ကိန်းကို မရောင်းချပဲ အသင်းမှာသာ ဆက်ထိန်းသွားမယ်ဆိုရင်လည်း ၂၀၂၄ခုနှစ် နွေရာသီမှာ အလွတ်နဲ့ လက်လွတ်သွားရမှာ ဖြစ်ပါတယ်။
စပါးအနေနဲ့လည်း သူတို့ရဲ့ ထိပ်တန်း ကစားသမားကို အလွတ် နဲ့ လက်လွှတ်ဖို့ အစီအစဉ် မရှိတာကြောင့် ဒီနွေမှာပဲ သူတို့ စိတ်ကြိုက် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ရောင်းထုတ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိန်းအတွက် ပေါင် သန်း(၁၀၀)ထိ ဈေးခေါ်ထားတာက သူ့ကို ခေါ်ချင်တဲ့ အသင်းအတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။
ဒီလို အခြေအနေမှာ ဟာရီကိန်းအနေနဲ့ စပါးအသင်းဘက်ကို Transfer request လုပ်ဆောင်သင့်တယ်လို့ ယူနိုက်တက်က တိုက်တွန်းလာခဲ့ပြီး ကိန်းကိုလည်း ထပ်မံ ကြိုးပမ်းဖွယ်လည်း ရှိနေပါတယ်။
လက်ရှိမှာတော့ မန်ယူနိုက်တက်က ချယ်လ်ဆီးရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပြီး တိုက်စစ်ပိုင်းအတွက်ကိုလည်း ကိန်းအပြင် ဟွိုက်လန်းကိုပါ ချိန်ရွယ်လို့နေပါတယ်။