အိုနာနာ ကို မန်ယူ ဈေးကောင်းပေး ချိတ်ဆက်လာလို့ အင်တာကလည်း သူ့အပိုင်းသူ လှုပ်ရှားလာပါပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းထံမှ အိုနာနာ အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးလာတဲ့ ကမ်းလှမ်းချက်ကို လက်ခံ ရရှိခဲ့တာကြောင့် အင်တာမီလန်သည် ယခုနွေရာသီတွင် ၎င်း၏နေရာတွင် အစားထိုးရန် ဂိုးသမားနှစ်ဦးကို စောင့်ကြည့်နေပြီဖြစ်ပါတယ်။

မန်ယူကလည်း အိုးလ်ထရက်ဖို့ဒ်တွင် ဒီဂီယာကို စာချုပ်သစ် ချုပ်ဆိုမည့်ဖြစ်နိုင်ချေမှာ နည်းပါးလာခဲ့ပြီး ဂိုးသမားသစ် တစ်ဦး ကို ရှာဖွေရန် အရှိန်မြှင့်လာခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အီတလီမီဒီယာများ၏ ဖော်ပြချက်အရ အင်တာမီလန်ဟာ အိုနာနာနေရာမှာ အစားထိုးဖို့အတွက် ဗလင်စီယာမှ မာမားဒါရှစ်ဗလီနှင့် ယန်းဆွန်မားတို့ကို ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် အဆိုပါ ကင်မရွန်းဂိုးသမားကို ရောင်းချဖို့ အစီအစဉ်ရှိနေတာကိုမြင်နိုင်ပါတယ်။

အင်တာမီလန်သည် အစောပိုင်းက အမ်ပိုလီမှ ဗီကာရီယိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း တော့တင်ဟမ် အသင်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုများ ရရှိနေပြီဟု ယုံကြည်ရသောကြောင့် ၎င်းတို့၏ အာရုံစိုက်မှုကို အခြား ပစ်မှတ်များထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့စိတ်ဝင်စားနေသော်လည်း ယူနိုက်တက် အသင်းရဲ့ အပြိုင် ကမ်းလှမ်းမှုမျိုး ဆက်မလုပ်ပဲ ၎င်းဂိုးသမားအပေါ် စိတ်ဝင်စားမှု ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အိုနာနာရဲ့ ဘောလုံးဖြန့်ဝေမှု စွမ်းရည်တွေက ယူနိုက်တက် ရဲ့ ခံစစ်တွေအတွက် များစွာ အကူအညီ ဖြစ်စေနိုင် တာကြောင့် တန်ဟက်ဟာ အသက် ၂၇ နှစ်အရွယ် ဂိုးသမားကို ပြောင်းရွှေ့ကြေး ပိုပေးပြီး ဆွဲဆောင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ထို့ပြင် အိုနာနာဟာ အေဂျက်တွင် ရှိနေစဉ်အတွင်း တန်ဟက်၏ နံပါတ်၁ ဂိုးသမားဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် လိဂ်ဖလား ၃ လုံးကို အတူတကွ ရရှိခဲ့တာကြောင့် ၎င်း၏ ဂိုးသမားဟောင်းနှင့် အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုတွေကို နောက်တစ်ကြိမ်ပြန်ရှာတွေ့နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။