မန်ယူအသင်းကို အချိန်ဆွဲ မောင်ပိုင်စီးနေတဲ့ ဂလေဇာ မိသားစု ကို သရဲနီ ပရိသတ်တွေ ဝုန်းပါတော့မယ်
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အရောင်းစာရင်းတင်ထားတဲ့ မန်ယူရဲ့ ပိုင်ရှင် အပြောင်းအလဲ ကိစ္စဟာ ၈ လလောက် ကြာတဲ့အထိ မရေရာ မသဲကွဲသေးတာကြောင့် မန်ယူပရိသတ်တွေ ဆန္ဒပြဖို့ စည်းရုံးနေကြပြီဖြစ်ပါတယ်။
ယူနိုက်တက် အသင်းပိုင်ရှင်တွေ ဖြစ်ကြတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဂလေဇာ မိသားစု ဟာ အသင်းကို အပြတ် ရောင်းထုတ်ဖို့ထက် ပြင်ပ ရင်းနှီးမြှုပ်နှံမှုတွေကို အင်နဲ့အားနဲ့ရလာအောင် ကြိုးပမ်းလိုစိတ် ရှိနေတဲ့အတွက် အရောင်းအဝယ် ကိစ္စဟာ ကြန့်ကြာနေတာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

လက်ရှိမှာ မန်ယူကို ဝယ်ဖို့အတွက် ကာတာဘဏ်သူဌေးကြီး ရှိတ်ဂျာဆင်နဲ့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာ ဆာဂျင်ရက်ကလစ်ဖ်တို့ အပြိုင် ကြိုးစားနေပေမဲ့လည်း ဂလေဇာမိသားစုက ဘယ်သူ့လက်ထဲကို ရောင်းရမှန်း သေချာ မသိပါဘူး။
ဒါကြောင့် သည်းခံစိတ် တဖြည်းဖြည်း လျော့ပါးလာပြီဖြစ်တဲ့ မန်ယူပရိသတ်တွေဟာ ဒီကနေ့မှာ ဆန္ဒပြဖို့အတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်လိုက်ပြီဖြစ်ပါတယ်။
The 1958 အဖွဲ့လို့ အမည်ပေးထားတဲ့ မန်ယူအမာခံ ပရိသတ်အဖွဲ့ဟာ ဒီကနေ့ မှာတော့ အိုးလ်ထရက်ဖို့ဒ်ကွင်း မျက်နှာစာတန်းမှာ ရှိနေတဲ့ အသင်းရဲ့ စတိုး ဆိုင်အနီးနားမှာ စုရုံးဖို့ရှိနေပြီး ဂလေဇာမိသားစုကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။
အဲဒီလို စီစဉ်ထားတာကိုလည်း သူတို့ အဖွဲ့ရဲ့ တရားဝင် တွစ် တာဝက်ဘ်ဆိုက်ကနေတစ်ဆင့် ‘’အဆိပ်ပင် ရေမလောင်းကြနဲ့’’ ဆိုတဲ့ ခေါင်း စဉ်နဲ့အတူ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
နောက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်လိုသူ သရဲနီ ပရိသတ်တွေအနေနဲ့လည်း ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ စာတန်းတွေ၊ အလံတွေ ယူလာခဲ့ကြဖို့နဲ့ စုရုံး ချီတက်ကြတဲ့အခါ အသင်းကို မရောင်းမချင်း ငါတို့သွေးတွေ မတိတ်ဘူးဆိုတဲ့ သံပြိုင်ဟစ်ကြွေးသံကိုလည်း ကျယ်ကျယ် လောင်လောင် အော်ဟစ်ဖို့ လှုံ့ဆော်ထားပါတယ်။
မန်ယူကို အလုံးစုံ လွှဲပြောင်းရယူဖို့ အတွက် ကာတာဘဏ်သူဌေးကြီး ရှိတ်ဂျာဆင်ဟာ အပတ်တကုန် ကြိုးစား အားထုတ်ခဲ့သူဖြစ်ပြီး တရားဝင် ကမ်းလှမ်းမှု ၅ ကြိမ်အထိ လုပ်ခဲ့ပြီးဖြစ်ပါတယ်။
တစ်ဖက်မှာ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ဂလေဇာမိသားဟု တောင်းဆိုတဲ့ ပေါင် ၆ ဘီလီယံဆိုတဲ့ နှုန်းထားအတိုင်း တန်ဖိုးသင့်ပြီး အဓိက ရှယ်ယာ အများစုကို ဝယ်ယူဖို့ ကြိုး စားနေသူပါ။
ဒါပေမဲ့ ဂလေဇာမိသားစုကတော့ ပြင်ပရင်းနှီးမြှုပ်နှံမှုတွေကို လက်ယပ်ခေါ်ရင်းနဲ့ အသင်းကို ဇက်ကြိုးဆွဲထားဖို့ ကြိုးစားချင်နေတာကြောင့် အရောင်းအဝယ်ကိစ္စဟာ အခုလိုမျိုး အချိန်ကြာနေတာဖြစ်ပါတယ်။