ခြေသွက်နေတဲ့ ပြိုင်ဘက်များ၊ တန်ဟက် ပစ်မှတ်၊ ဒီဂီယာကို လစာထပ်လျှော့ခြင်းနဲ့ နံနက်ခင်း မန်ယူ ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက် နည်းပြအဲရစ် တန်ဟတ် ဟာ ဘွန်ဒစ်လီဂါ မှာ ကစားနေတဲ့ အမေရိကန် လက်ရွေးစင် တိုင်လာ ဘုသ် ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ သတင်းပေါ်ထွက်လာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ မေဆန်မောင့် အပြောင်းအရွှေ့အတွက် တိုက်ရိုက် ဆွေးနွေးနေကြပါတယ်။ ယူနိုက်တက်ဘက်က ပေါင် ၅၅ သန်းတန် ကမ်းလှမ်းမှု ဟာ အခုချိန်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူ ပစ်မှတ်ထားတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်ဘက်က ယူရို သန်း ၇၀ တန် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် လန်ဒန် ကလပ်ဘက်က ချက်ချင်းပယ်ချခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ကွင်းလယ်လူ ရာဘီရော့ဟာ ဂျူဗင်တပ်မှာပဲ ၂၀၂၄ ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပါတယ်။
ရိုက်စ်အတွက် မန်ယူက လှုပ်ရှားမှု မလုပ်သေးခင် မန်စီးတီးနဲ့ အာဆင်နယ်တို့ကတော အပြိုင် ကမ်းလှမ်းမှုတွေ လုပ်နေကြပါပြီ။ မန်စီးတီးထံက ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းဘက်က ပယ်ချလိုက်ပါတယ်။ ၎င်းတို့ကတော့ ပေါင် သန်း ၁၀၀ တန် စာချုပ်မျိုးရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနှစ် မတ်လတုန်းက လုပ်ခပိုင်း လျော့ချပြီး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုရထားတဲ့ ဒီဂီယာအား အဆိုပါ သဘောတူထားတဲ့ လုပ်ခထက် ပိုနည်းတဲ့ ပမာဏဖြင့် စာချုပ်သစ် ပြင်ဆင် ကမ်းလှမ်းခဲ့ပါတယ်။
မန်ယူ စောင့်ကြည့်နေတဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူရေး အာဆင်နယ်နဲ့ လီဗာပူးတို့ ပြိုင်ဆိုင်ကြဖွယ်ရှိကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် ပေးရပါလိမ့်မယ်။