မောင့် အတွက် ငွေချေပြီးရင် ဒီနွေ အသုံးစရိတ် မဖြစ်စလောက်သာ ကျန်တော့မယ့် မန်ယူအသင်း

မန်ယူဟာ ချဲလ်ဆီးက မေဆန်မောင့်ကို ခေါ်ယူဖို့သဘောတူညီမှု ရခဲ့ပြီးနောက် ဒီအပြောင်းအရွှေ့မှာ အသုံးစရိတ် ဘတ်ဂျက် အနည်းငယ်သာ ကျန်ရှိမယ် လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြလိုက်ပါတယ်။

ထို ငွေပမာဏနဲ့ဆို ဒီဘက်ခေတ်မှာ ထိပ်တန်း တိုက်စစ်မှုးတစ်ယောက်ယောက်ခေါ်ဖို့ မလွယ်လောက်ပါဘူး။ မန်ယူဟာ မေဆန်မောင့်အတွက် ကနဦးကြေး ပေါင် ၅၅ သန်း၊ ထပ်ဆောင်းကြေး ပေါင် ၅ သန်းနဲ့ သဘောတူညီမှုရခဲ့တာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့ အသင်းကိုရောင်းချမှုက မပြီးပြတ်သေးတာကြောင့် အပြောင်းအရွှေ့မှာ ငွေသုံးနိုင်ဖု့ိ ကြပ်သွားပါတယ်။ မောင့် တန်ကြေး ပေးချေပြီးရင် အခု လက်ကျန် သုံးစွဲနိုင်တဲ့ ပမာဏက ပေါင် ၆၅ သန်းမျှသာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ တန်ဟက်ရဲ့အဓိကပစ်မှတ်ဖြစ်ပေမယ့် စပါးကတော့ သူတို့ရဲ့ဂိုးသွင်းစက်အတွက် ပေါင်သန်း ၁၀၀ မရရင် စဉ်းစားမှာ မဟုတ်ပါဘူး။

နာပိုလီက အိုဆင်ဟမ်ကလည်း အသင်းအတော်များများရဲ့ရေပန်းစားပစ်မှတ်ဖြစ်ပေမယ့် စီးရီးေ အချန်ပီယံအသင်းက သူတို့ရဲ့တိုက်စစ်မှုးကို ပေါင်သန်း ၁၅၀ ဈေးသတ်မှတ်ထားတာပါ။

ဖရန့်ဖတ်တိုက်စစ်မှုးမူယာနီဟာလည်း ဒီနွေမှာ အသင်းပြောင်းနိုင်ပြီး မန်ယူရဲ့ပစ်မှတ်ထဲမှာ ပါဝင်သူ တစ်ယောက် ဖြစ်ပေမယ့် ဂျာမန်ကလပ်က ပြင်သစ်သားကို ပေါင် ၈၅ သန်းရမှ ရောင်းနိုင်ပါတယ်။

အတ္တလန္တာက ဟော့လန်းဟာလည်း မန်ယူနဲ့သတင်းထွက်နေသူဖြစ်ပေမယ့် စီးရီးအေကလပ်က ပေါင် ၈၆ သန်း ဈေး သတ်မှတ်ထားတာပါ။ ဒီတော့ မန်ယူဟာ ကစားသမားရောင်းချနိုင်မှသာ ထိပ်တန်းတိုက်စစ်မှုးတစ်ယောက် ခေါ်နိုင်ဖို့ တတ်နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ သူတို့ဟာ ပြီးခဲ့တဲ့ ၃ ရာသီမှာ ၁၇ သာသွင်းနိုင်ခဲ့တဲ့ မာရှယ်ကို ပေါင်သန်း ၃၀ နဲ့ ရောင်းနိုင်ဖို့ မျှော်လင့်နေတာပါ။