မန်ချက်စတာ ဒါဘီ ရှုံးပွဲမှာ မန်ယူ ပရိသတ်တွေ တခဲနက် အော်ဟစ် အားပေးခြင်း ခံရတဲ့ အသင်းသား

မန်ယူအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာပါ မြို့ခံမန်စီးတီးအသင်းကို ရှံးနိမ့်ခဲ့ရပြန်ပါတယ်။ ဒီတလော သီတင်းပတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအတွက်က တကယ့်ကို စိတ်ပျက်စရာ ရက်သတ္တပတ်တွေကို ဖြတ်သန်းနေရပေမယ့် ညကပွဲမှာ ဗန်ဒီဘိခ် ခေတ္တ ဝင်ကစားရခြင်းကို ပရိသတ်တွေ ကျေနပ်ခဲ့ကြပါတယ်။

နယ်သာလန် ကွင်းလယ်ကစားသမားလေး ဗန်ဒီဘိခ် ဟာ မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းမှာ နေရာသိပ်မပေးပဲ ခေါက်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဗန်ဒီဘိခ်က အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပေါ့ဘာ ဖရက် တွမ်မီနေး မာတစ်တို့လို ကွင်းလယ်ကစားသမားတွေ များပြားနေတဲ့ ယူနိုက်တက်ကွင်းလယ်မှာ နေရာရဖို့ ခက်ခဲနေသူ ဖြစ်ပါတယ်။

အသက်(၂၄)နှစ် အရွယ်ရှိ အေဂျက်ကွင်းလယ်လူဟောင်း ဗန်ဒီဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၆)ပွဲသာ ကစားထားရသေးတာဖြစ်သလို ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာပဲ အသင်းအတွက် တစ်ပွဲလုံးကို ပါဝင်ထားခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဖရက် တွမ်မီနေးတို့အပြင် ပေါ့ဘာပါ ခြေမပေါ်သလို ဖြစ်နေတဲ့အချိန် ပရိသတ်တွေက ဗန်ဒီဘိခ်ကို နေရာပေးစေချင်ခဲ့တာပါ။။

မနေ့က ကစားသွားခဲ့တဲ့ မန်ချက်စတာဒါဘီမှာတော့ ဗန်ဒီဘိခ်က ဒုတိယပိုင်း ပွဲချိန်အတွင်း ကွင်းဘေးစည်းမှာ အသင်းသားတွေနဲ့အတူ သွေးပူလေ့ကျင့်ခန်းဆင်းနေခြင်းကို ယူနိုက်တ က်ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သလို ဗန်ဒီဘိခ်ရဲ့နာမည်ကို အော်ဟစ်ကာ တခဲနက် အားပေးခဲ့ကြတဲ့အတွက် ပွဲချိန်(၇၉)မိနစ်မှာပဲ ဖရက်နေရာမှာ ဗန်ဒီဘိခ်ကို လူစားလဲခဲ့ရပါတယ်။

အသင်းရဲ့ရလဒ်တွေနဲ့ ပုံမှန်အောက် ရောက်ရှိနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် စိတ်ပျက်နေရတဲ့ မန်ယူနိုက်တက်ပရိသတ်များဟာ ဗန်ဒီဘိခ်ကို မြင်တွေ့ရချိန်မှာတော့ မယုံနိုင်လောက်အောင် အော်ဟစ်ကြွေးကြော် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ZG

မန္ယူအသင္းဟာ မေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာပါ ၿမိဳ႕ခံမန္စီးတီးအသင္းကို ရွံးနိမ့္ခဲ့ရျပန္ပါတယ္။ ဒီတေလာ သီတင္းပတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရိသတ္ေတြအတြက္က တကယ့္ကို စိတ္ပ်က္စရာ ရက္သတၱပတ္ေတြကို ျဖတ္သန္းေနရေပမယ့္ ညကပြဲမွာ ဗန္ဒီဘိခ္ ေခတၱ ဝင္ကစားရျခင္းကို ပရိသတ္ေတြ ေက်နပ္ခဲ့ၾကပါတယ္။

နယ္သာလန္ ကြင္းလယ္ကစားသမားေလး ဗန္ဒီဘိခ္ ဟာ မန္ယူနည္းျပ ဆိုးလ္ရွားက အသင္းမွာ ေနရာသိပ္မေပးပဲ ေခါက္ထားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဗန္ဒီဘိခ္က အရည္အေသြးရွိတဲ့ ကစားသမားျဖစ္ေပမယ့္လည္း ေပါ့ဘာ ဖရက္ တြမ္မီေနး မာတစ္တို႔လို ကြင္းလယ္ကစားသမားေတြ မ်ားျပားေနတဲ့ ယူႏိုက္တက္ကြင္းလယ္မွာ ေနရာရဖို႔ ခက္ခဲေနသူ ျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္ အ႐ြယ္ရွိ ေအဂ်က္ကြင္းလယ္လူေဟာင္း ဗန္ဒီဘိခ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ (၆)ပြဲသာ ကစားထားရေသးတာျဖစ္သလို ဝက္စ္ဟမ္းအသင္းနဲ႔ ကစားခဲ့ရတဲ့ လိဂ္ဖလားပြဲမွာပဲ အသင္းအတြက္ တစ္ပြဲလုံးကို ပါဝင္ထားခဲ့ရတာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ဖရက္ တြမ္မီေနးတို႔အျပင္ ေပါ့ဘာပါ ေျခမေပၚသလို ျဖစ္ေနတဲ့အခ်ိန္ ပရိသတ္ေတြက ဗန္ဒီဘိခ္ကို ေနရာေပးေစခ်င္ခဲ့တာပါ။။

မေန႔က ကစားသြားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာေတာ့ ဗန္ဒီဘိခ္က ဒုတိယပိုင္း ပြဲခ်ိန္အတြင္း ကြင္းေဘးစည္းမွာ အသင္းသားေတြနဲ႔အတူ ေသြးပူေလ့က်င့္ခန္းဆင္းေနျခင္းကို ယူႏိုက္တက္ပရိသတ္ေတြက ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုခဲ့သလို ဗန္ဒီဘိခ္ရဲ႕နာမည္ကို ေအာ္ဟစ္ကာ တခဲနက္ အားေပးခဲ့ၾကတဲ့အတြက္ ပြဲခ်ိန္(၇၉)မိနစ္မွာပဲ ဖရက္ေနရာမွာ ဗန္ဒီဘိခ္ကို လူစားလဲခဲ့ရပါတယ္။

အသင္းရဲ႕ရလဒ္ေတြနဲ႔ ပုံမွန္ေအာက္ ေရာက္ရွိေနတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ စိတ္ပ်က္ေနရတဲ့ မန္ယူႏိုက္တက္ပရိသတ္မ်ားဟာ ဗန္ဒီဘိခ္ကို ျမင္ေတြ႕ရခ်ိန္မွာေတာ့ မယုံႏိုင္ေလာက္ေအာင္ ေအာ္ဟစ္ေႂကြးေၾကာ္ အားေပးခဲ့ၾကတယ္လို႔ သိရပါတယ္။