မန်ယူ အသင်းသား ၂ဦးကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ရိုးမားနဲ့ မော်ရင်ညို
မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဖြစ်ပြီး လက်ရှိ ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ ဟိုဆေးမော်ရင်ညိုဟာ မန်ယူ အသင်းသား ၂ ဦးကို ခေါ်ယူဖို့ လှုပ်ရှားလာပါတယ်။
ပထမ တစ်ဦးကတော့ ဘရာဇီးစူပါစတား ကွင်းလယ် ကစားသမား ဖရက် ဖြစ်ပြီး ဒီနွေမှာ အရ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ရိုးမားနည်းပြဟာ သူ့ကစားသမားဟောင်း ဖရက်ကို ခေါ်ပြီးတော့ အသင်းကို တည်ဆောက်ချင်နေတာပါ။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ယူနိုက်တက်မှာ နေရာအစဉ်လိုက်ရဲ့ အနောက်ကို ရောက်နေခဲ့ပြီး မေဆန်မောင့် ရောက် လာရင် သူ့ရဲ့ ကစားချိန်တွေက ပိုပြီးတော့တောင် အကန့်အသတ် ခံရတော့မှာပါ။
အဲရစ်တန်ဟက်ဟာ ဖရက်ကို မဆုံးရှုံးလိုပေမယ့်လဲ မော်ရင်ညိုကတော့ ရိုးမားမှာ ပွဲထွက်ခွင့် တစ်နေရာနဲ့ မက်လုံးပေးပြီး ဖရက်ကို ကမ်းလှမ်းဖို့ ရှိပါတယ်။
နောက်ထပ် တစ်ဦးကတော့ မန်ယူ လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ် ဖြစ်ပါတယ်။ ချစ်သူမိန်းကလေးနဲ့ အတူ ရုံးရောက် ဂတ်ရောက် အရှုပ်အထွေးတွေ ဖြစ်နေတဲ့ ဂရင်းဝုဒ်ဟာ ပြည်ပထွက် ကစားချင်နေပြီး ဒီအခြေအနေကို ရိုးမားကလည်း စောင့်ကြည့်နေပါတယ်။
ရိုးမားနည်းပြ မော်ရင်ညိုဟာ ဂရင်းဝုဒ်ကို ခေါ်ယူရေး ဆက်သွယ် မေးမြန်းမှုလည်း ပြုလုပ်ထားပြီ သတင်း ထွက်နေတာပါ။
ရိုးမားနဲ့အတူ ဥရောပဖိုင်နယ် နှစ်နှစ်ဆက် ရောက်ရှိခဲ့ပြီးနောက် မော်ရင်ညိုဟာ ပြည်တွင်းဖလားအတွက် စိန်ခေါ်ဖို့ ကလပ်ကို နောက်တဆင့် မြှင့်တင်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်က မြင့်တက်လာခဲ့ပါတယ်။
မော်ရင်ညိုဟာ သရဲနီနည်းပြဘဝမှာ ပထမဆုံးသူခေါ်ယူပေးခဲ့တဲ့ ဖရက်ကို အရမ်း သဘောကျတာဖြစ်ပြီး အခုလက်ရှိ ရိုးမားကွင်းလယ်မှာလဲ ဖရက်ကိုတည်ပြီး တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အီတလီကလပ်ဟာ လတ်တလောအနေနဲ့ ၂၆ ရက်နေ့မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် စပါးနဲ့ ကစားဖို့ ရှိနေပါတယ်။