မပြီးပြတ်သေးတဲ့ ပိုင်ရှင်သစ် ကိစ္စ၊ မောင့်အား ဆာဟာ သတိပေးချက်၊ အိုနာနာ အတွက် ခေါ်ဈေးနဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ

သရဲနီဟောင်း လူးဝစ်ဆာဟာက ချဲလ်ဆီးကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းလာခဲ့တဲ့ မေဆင်မောင့် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ချက်ချင်း ပွဲထွက်ခွင့် ရမှာ မဟုတ်ဘဲ နေရာ တစ်နေရာ အတွက် တိုက်ပွဲဝင်သွားရမှာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်က INEOS ဟာ ဂလေဇာမိသားစုက ကာတာဘဏ်ဥက္ကဌရဲ့ ကမ်းလှမ်းမှုကို ပိုမို နှစ်သက်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ပြိုင်ပွဲထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာအတွက် ပေါင် ၃၉ သန်းတန် တန်ကြေးရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းနေပြီ ဖြစ်ပါတယ်။ အင်တာဘက်ကတော့ အဲ့ထက် ပိုများတဲ့ ပမာဏကို ရလိုနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမာရာဘတ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

မေဆန်မောင့်ရဲ့မန်ယူ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီးနောက် ကစားသမားကို ရောင်းချခဲ့တဲ့ ချဲလ်ဆီးဟာ နောင်တ ရလိမ့်မယ်လို့ မန်ယူဂန္ထဝင်ဟောင်း ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

ဂိုးသမားအိုနာနာကို ကမ်းလှမ်းမှုလုပ်ခဲ့တဲ့ မန်ယူအသင်းကို အင်တာမီလန်အားကစားဒါရိုက်တာက သတိပေး လိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက ဒီဂီယာနေရာအစားထိုးဖို့အတွက် ကင်မရွန်းဂိုးသမားကို ပေါင် ၃၄ သန်းအပြင် ထပ်ဆောင်းကြေးတွေနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တာပါ။

ဒါပေမဲ့ အင်တာအားကစားဒါရိုက်တာ အော်စီလီယိုကတော့ မှန်ကန်တဲ့ဈေးမရရင် အိုနာနာကို ရောင်းမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဟာ အရောင်းစာရင်းထဲ ပါဝင်နေပေမယ့် ၎င်းရဲ့ မြင့်တက်လာတဲ့ စာချုပ်ပါ လစာ အနေအထားတွေကြောင့် ယူနိုက်တက်တို့ အခက်တွေ့နေရကြောင်း သိရပါတယ်။