မက်ဂွိုင်းယား ကို သန်း ၈ဝ ပေး ဝယ်ခဲ့ရပေမယ့် ဒီနှစ် ပြန်ရောင်းရင် မန်ယူ အမြတ်ထွက်နိုင်ပါသေးတယ်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ များနေပါတယ်။
ဝယ်တုန်းက ဈေးကြီးပေးခဲ့ရသူ ဖြစ်ပေမယ့် ယူနိုက်တက်ဟာ ခြေစွမ်းမပြနိုင်တဲ့ ဗဟိုနောက်ခံလူအား ရောင်းချမှုကနေ အမြတ်တစ်ခု ရရှိလာနိုင်ပါသေးတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဟယ်ရီမက်ဂွိုင်းယားကို ဗဟိုခံစစ်မှူးတစ်ဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ပေးခဲ့ရတာပါ။
အင်္ဂလန်လက်ရွေးစင်ဗဟိုခံစစ်မှူးဟာ ယူနိုက်တက်ကစားသမားဘဝအစ တာထွက်လှခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းမှုနှင့်အတူ ဝေဖန်မှုများ ကြုံလာခဲ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲရစ်တန်ဟက်လက်အောက်မှာ ပရီးမီးယားလိဂ်ပွဲ ၁၆ ပွဲတည်းသာ ကစားခွင့် ရခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် ကစားသမားသစ်ခေါ်ယူရေး ငွေလိုအပ်နေတာကြောင့် မက်ဂွိုင်းယားကို ရောင်းချရန် စီစဉ်နေပြီး နယူးကာဆယ်က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း ၈၀ ပေးပြီး ခေါ်ယူခဲ့ရပေမဲ့လည်း ပြန်လည် ရောင်းချလာချိန်မှာ အမြတ်ရလာနိုင်ပါသေးတယ်။
မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယားရဲ့ ပြောင်းရွှေ့ကြေးကို ၆ နှစ် အရစ်ကျစနစ်ဖြင့် ပေးလာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယားအတွက် လက်စတာကို ပေါင် ၂၆.၆ သန်းပေးရန် ကျန်ရှိ နေပါသေးတယ်။
ယူနိုက်တက်အနေဖြင့် ဟယ်ရီမက်ဂွိုင်းယားကို ယင်း ပေါင် ၂၆.၆ သန်းထက် ပိုတဲ့ ပမာဏဖြင့် ရောင်းချလာနိုင်ပါက Financial Fair Play စည်းမျဉ်းမှာ အကျိုးအမြတ် ရှိလာပါမယ်။ တကယ်လို့များ ယူနိုက်တက်အနေဖြင့် ဟယ်ရီ မက်ဂွိုင်းယား ကို ပေါင်သန်း ၃၀ ဝန်းကျင့်ဖြင့် ရောင်းချလာနိုင်ပါက FFP အသုံးစရိတ်တွင် ပေါင် ၅ သန်း ပိုမို ရရှိလာပါမယ်။