ဒီ နှစ်ပတ် အတွင်း လေးယောက် ထုတ်ရောင်းမယ့် တန်ဟက်ရဲ့ ပလန် ဘယ်ထိ ပြီးမြောက်မလဲ
နည်းပြ အဲရစ်တန်ဟက်ဟာ သူ့အသင်းကို ဖြတ်တောက်ပြင်ဆင်ဖို့ မျှော်လင့်ထားသလို ဒီနွေရာသီမှာ သူရောင်းချချင်တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမား လေးယောက်ကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
နယ်သာလန်သား နည်းပြဟာ သူ့ရဲ့ ရေရှည်အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ဟယ်ရီမက်ဂွိုင်းယား၊ ဂျေဒန်ဆန်ချို၊ ဖရက်နဲ့ တော်မီနေးတို့ကို နောက်၂ပတ်အတွင်း ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီလေးယောက်ဟာ တန်ဟက်ရဲ့ ပထမရာသီအတွင်း ပုံမှန်ပွဲထွက်နေရာတွေ မရယူနိုင်ခဲ့ပါဘူး။ ဆန်ချိုကတော့ မနှစ်က အများဆုံး ပါဝင်ခဲ့ရတာဖြစ်ပြီး လိဂ် ၂၆ ပွဲကစားခဲ့ရာ ၂၁ပွဲ ပွဲထွက်ခဲ့ရပါတယ်။
ဖရက်ကတော့ ၃၅ ပွဲ ကစားခဲ့ရပေမယ့် ၁၂ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ တော်မီနေးက ၂၄ပွဲမှာ ၁၀ကြိမ် ပွဲထွက်ခဲ့ရပြီး မက်ဂွိုင်းယားက ၁၆ပွဲမှာ ၈ကြိမ် ပွဲထွက်ခဲ့ရပါတယ်။
မက်ဂွိုင်းယားဟာ လစာမြင့်မားပြီး သူ့အတွက် ခေါ်ဈေးက ပေါင် သန်း၅၀ ဖြစ်နေတာနဲ့အတူ ယူနိုက်တက်အနေနဲ့ ကစားသမားတွေ ရောင်းချနိုင်ဖို့ ခက်ခဲနိုင်ဖွယ် ရှိပါတယ်။
စပါးဟာ ဆန်ချိုကို စိတ်ဝင်စားနေတာနဲ့အတူ ဟယ်ရီကိန်းကို ခေါ်ယူခွင့်ရအောင်လို့ ယူနိုက်တက်က ဆန်ချိုနဲ့ အလိုက်ပေးပြီး ကြိုးစားနိုင်လောက်ပါတယ်။
ဘရာဇီးသား ကွင်းလယ် ကစားသမား ဖရက်ကတော့ ဖူလ်ဟမ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး တော်မီနေးက နယူးကာဆယ်နဲ့ ချိတ်ဆက်မှုရှိနေပါတယ်။
ဒီနှစ်ပတ် အတွင်း လေးယောက် ထုတ်ရောင်းမယ့် တန်ဟက်ရဲ့ ပလန်က ဘယ်လောက်ထိ ပြီးမြောက်မလဲ ဆိုတာကတော့ စောင့်ကြည်ရဖွယ်ပါ။