အသင်းခေါင်းဆောင် အပြောင်းလဲ၊ ဟွိုက်လန်းကို ဝင်ချိန်လာတဲ့ ပြိုင်ဘက်၊ အိုနာနာ၊ ဒီယာလိုတို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
နည်းပြ တန်ဟတ် ဟာ လာမယ့် ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဟယ်ရီ မက်ဂွဲယား ဆီက လက်ပတ်ကို ဆက်ခံရမယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။
မန်ယူနိုက်တက်ရဲ့ ခံစစ်အတွက် နောက်ထပ် ပစ်မှတ်ကတော့ မိုနာကိုမှ ဒီဆာစီဖြစ်လာပါမယ်။ တန်ဟက် ကိုယ်တိုင်က ကစားသမားနဲ့ စကားပြောထားပေမယ့် မိုနာကိုအသင်းထံ ချဉ်းကပ်မှု မဝင်သေးပါဘူး။
မန်ချက်စတာ ယူနိုက်တက်ဟာ အိုနာနာ အပြင် နောက်ထပ် ဂိုးသမားပစ်မှတ် ချိတ်ဆက်နေခြင်း မရှိတော့ဘဲ လာမယ့် အပတ်ထဲမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ယူအသင်းဟာ အတ္တလန္တာ တိုက်စစ်မှုးလေး ဟွိုက်လန်းအတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်သွားပါတယ်။
ဒါပေမယ့် ဟွိုက်လန်း ကို ခေါ်ယူရေး မန်ယူရဲ့ ပြည်တွင်း ပြိုင်ဘက် ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားဟန် ပြသနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းမှာ အငှား ထွက်ကစားရင်း ခြေစွမ်းပြခဲ့တဲ့ အာမက် ဒီယာလို အား လာမယ့် ရာသီမှာလည်း အငှား ထပ်မံ စေလွှတ်ဖို့ မန်ချက်စတာ ယူနိုက်တက်က စဉ်းစားနေပါတယ်။
ဒီနွေမှာ တိုက်စစ်သမား ဆန်ချို၊ ကွင်းလယ်လူ ဖရတ်၊ ဗန်ဒီဘိခ်၊ တော်မီနေးနဲ့ ခံစစ်မှူး မက်ဂွဲရားတို့ကို ရောင်းချပြီး အသုံးစရိတ်ရှာဖို့ ယူနိုက်တက်ဘက်က ကြိုးစားသွားမှာပါ။
ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေ အနေနဲ့ ဒေးဗစ် ဒီဂီယာယာ နေရာမှာ အစားဝင်လာဖို့ ရှိနေတဲ့ ဂိုးသမား အန်ဒရီ အိုနာနာ ဆီက အမှားကျူးလွန်မှု တစ်ချို့ကို မြင်တွေ့ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
စပိန် ဂိုးသမား ဒီဂီယာ ဟာ စနေနေ့ကပဲ မန်ယူနိုက်တက် ကနေ ထွက်ခွာလာခဲ့ပြီ ဖြစ်ကြောင်း ကြေငြာလိုက်ကာ ယူနိုက်တက်နဲ့ ကာလရှည် ပက်သက်မှုကို အဆုံးသတ်သွားခဲ့ပါတယ်။