မန်ယူမှာ ဒီဂီယာ မရှိမှန်း သေချာသွားလို့ အိုနာနာ ကို ရောင်းချရေး ဈေးကိုင်နေတဲ့ အင်တာမီလန်

မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ရဲ့ သက်တော်ရှည် ဂိုးသမား ဒီဂီယာကို လက်လွတ်ခဲ့ပြီဖြစ်တာကြောင့် အမြဲတမ်း ဂိုးသမား နေရာ ရေရှည် အစားထိုးဖို့ စတင် ကြိုးစားနေပါပြီ။

နည်းပြတန်ဟက်က အေဂျက်အသင်းမှာ လက်တွဲဖူးတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို အလိုရှိနေတာကြောင့် မန်ချက်စတာဘက်က ဝင်ရောက် ညိနှိုင်းနေပါတယ်။ အင်တာဘက်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားနည်းချက်ကို သိနေတာမို့ ပြောင်းရွှေ့ကြေးကို လုံးဝ မချပေးဘဲ တင်းခံနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဓိက ဂိုးသမား မရှိဖြစ်နေတဲ့ ယူနိုက်တက်ဟာ အိုနာနာကို ခေါ်ယူဖို့ဆိုရင် စီးရီးအေကလပ် တောင်းဆိုတဲ့ ယူရို သန်း ၆၀ ပေးဖို့ လိုအပ်ပါမယ်။ အင်တာဘက်ကတော့ သူတို့ လိုချင်တဲ့ စျေးမရရင် အပြောင်းအရွှေ့ ဆက်လက် ညိနှိုင်းမှာ မဟုတ်ပါဘူး။

ဒီဂီယာကို စာချုပ်သစ် ပြောနေစဉ်မှာပဲ အိုနာနာကိုလည်း ညိနှိုင်းနေတဲ့ မန်ယူနိုက်တက်ဟာ ကင်းမရွန်းသားနဲ့ စကားပြောမှု အဆင်ပြေနေရာမှာတော့ ဝါရင့် ဂိုးသမားကို လက်လွတ်ခံကာ အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့ကတော့ ယူနိုက်တက်တို့ ဂိုးသမား အရေးတကြီး လိုနေတာမို့ အင်တာဘက်က ပေါင် ၅၁ သန်း ကို စျေးချပေးမှာ မဟုတ်ပေမယ့် နည်းပြတန်ဟက်ရဲ့ အသင်းမှာကလည်း အသုံးစရိတ် ပေါင် သန်း ၁၂၀ ပဲ ရှိနေတယ်လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။