စမောလင်းကို အခက်ဆုံးပြိုင်ဘက် ဆိုလာသူ၊ ဒီအပတ်ထဲ ထူးမယ့် ၃ဦး၊ ကာဆီမီရို၊ မက်ဂွဲရားနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာပဲ ဂိုးသမား အိုနာနာ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆာစီရဲ့ အေးဂျင့်နဲ့ စကားပြောနေသလို ဖရက်ဒ်ကိုတော့ ဖူလ်ဟမ်အသင်းနဲ့ ညိနှိုင်းခွင့်ပေးဖွယ် ရှိပါတယ်။

မန်ယူအသင်းဟာ ၂နှစ် ၃နှစ်လောက်သာ စောပြီး ကမ်းလှမ်းမယ် ဆိုရင် သူ အသင်းပြောင်းလာနိုင်ဦးမှာ မဟုတ်ဘူးလို့ ကွင်းလယ် ကစားသမား ကာဆီမီရိုက ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေကမှ အိုးထရက်ဖို့ဒ် ရောက်လာတဲ့ ကာဆီမီရိုက ယူနိုက်တက် သူ့ကို ကမ်းလှမ်းတဲ့ အချိန်ဟာ အချိန်ကိုက် မှန်ကန်ခဲ့တယ် ယုံကြည်နေပြီး ရီးရဲလ်က ထွက်ခွာခဲ့တာအတွက် အခုနေမှာ နောင်တ မရနေပါဘူး။

မန်ယူ ပစ်မှတ် ဖြစ်ခဲ့တဲ့ တိုက်စစ်မှုး ဟယ်ရီ ကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ဆက်ထိန်း သွားမှာပါလို့ စပါးနည်းပြသစ်က ပြောဆိုလိုက်ပါတယ်။

မန်ယူမှာ ရုန်းကန်နေရသလို ဂျူဗင်တပ် မှာလည်း အဆင်မပြေသေးတဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပြောင်းဖွယ် မရှိဘဲ စီးရီးအေမှာပဲ ဆက်ရှိနေပါလိမ့်မယ်။

ခံစစ်မှူး မက်ဂွဲရားအတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လို့ ဈေး သတ်မှတ် ထားတာကြောင့် ကမ်းလှမ်းလိုတဲ့ ကလပ် နည်းပါးနေပါတယ်။

မန်ယူ ပစ်မှတ်ထားနေတဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက သရဲနီဟောင်း ဖြစ်တဲ့ ရိုးမား အသင်းမှ နောက်ခံလူ ခရစ် စမောလင်း ဟာ သူ့အတွက် ရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံး ပြိုင်ဖက် ကစားသမားပဲလို့ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။