ဒီည ပွဲထွက်မယ့် မောင့်၊ စီးတီးဆီ ပါတော့မယ့် လူငယ်လေး၊ လက်စတာ တောင်ပံသမားနဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ
မန်ယူအသင်း ကွင်းလယ် ကစားသမားသစ် မေဆန်မောင့်ဟာ ယနေ့ လိဒ်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အသင်းသစ် မန်ချက်စတာ လကပ် အတွက် စတင် ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
မန်စီးတီးဟာ မန်ယူနိုက်တက်အသင်းရဲ့ ၁၆ နှစ်အရွယ် ခံစစ်မှူး ဟယ်ရီဆန် ပါကာကို ခေါ်ယူနိုင်ရေး သဘောတူညီမှု ရဖို့ နီးစပ်နေပါပြီ။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန် ကို အငှားနဲ့ ခေါ်ထားရာကနေ အပြီး ဝယ်ယူဖို့ နော့တင်ဟမ် ဖောရက်စ်က ကြိုးစားနေပါတယ်။

နယူးကာဆယ် အသင်းထံ ပြောင်းဖို့ နီးစပ်နေပြီ ဖြစ်တဲ့ လက်စတာ တောင်ပံတိုက်စစ်သမား ဟာဗေး ဘန်းစ်ကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာအသင်း ဂိုးသမား အိုနာနာကို ဆက်တိုက် ကမ်းလှမ်းနေသလို ယခုနောက်ဆုံး ပေါင် ၄၃ သန်းနဲ့ နှစ်သင်းကြား သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က ဂိုးသမား အိုနားနား ဟာ မန်ချက်စတာမှာ အောင်မြင်လိမ့်မယ်လို့ သုံံးသပ် သွားခဲ့လိုက်ပါတယ်။
ဆဲတစ်နည်းပြဟောင်း နေးလ်လန်နွန်က မန်ယူနိုက်တက် flop ဒွန်နီဘန်ဒီဘိ အနေနဲ့ သူ့ရဲ့ ကစားသမား ဘ၀ တဖန် ပြန်လည် တောက်ပလာရန် ဆဲတစ်ကို ပြောင်းရွေ့ရန် စဉ်းစားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ဆေးရုံတက် ကုသမှုခံယူနေရတဲ့ မန်ယူအသင်း ဂိုးသမားဟောင်း ဗန်ဒါဆားရဲ့ အနေအထားဟာ လက်ရှိ အချိန်မှာတော့ အသက်အန္တရယ် စိုးရိမ်စရာ မရှိတော့ကြောင်း သတင်းရရှိပါတယ်။