မန်ယူနဲ့ပွဲက လွယ်လွန်းလို့ လူစားကို မလဲခဲ့တာလို့ ပွဲအပြီး ပေါ်တင် ပြောလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြဂွာဒီယိုလာက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ထိုပွဲမှာ စီးတီးက ဘာကြောင့် လူစား တစ်ယောက်မှ မလဲ ခဲ့ရလဲဆိုတာကို ပြောပြလိုက်ပါတယ်။

ပြိုင်ဘက်အသင်းကို လွယ်လင့်တကူနဲ့ကစားပြီး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂွာဒီယိုလာက ပွဲထွက်က လူစာရင်းပဲကို အချိန်ပြည့် အသုံးပြုသွားခဲ့ ဖြစ်ပါတယ်။ တဖက်မှာတော့ မန်ယူ က လူစားလဲမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် သိက္ခာဆယ်ချေပဂိုးလေးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့ပါတယ်။

မန်စီးတီးဟာ ဒုတိယပိုင်းကို သက်တောင့်သက်သာနဲ့ကစားသွားခဲ့ပြီး အနိုင်သုံးမှတ်ကို အိမ်အပြန် သယ်ယူ သွားခဲ့ပါတယ်။ လူစား မလဲလှယ်ခဲ့တဲ့အတွက် ဂွာဒီယိုလာက သူ့ကစားသမားတွေကို တောင်းပန်စကားလည်းပြောဆိုခဲ့ပြီး အခုလိုပဲရှင်းပြခဲ့ပါတယ်။

“စိတ်မကောင်းပါဘူးဗျာ ၊ ကျွန်တော် လူစားမလဲချင်ခဲ့ပါဘူး၊ ပွဲက ၂-၀ ဖြစ်နေပြီး အရာရာတိုင်းက သက်တောင့်သက်သာကို ဖြစ်နေတယ်၊ ဒီတော့ လူစားလဲစရာမလိုဘူးလို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။

ကစားသမားတွေကို ချီးကျူးပါတယ်၊ သူတို့က အသင်းကစားပုံမှာ တကယ့် အနုပညာရှင်တွေပါပဲ၊ အိုးထရက်ဖို့ဒ်ကိုလာကစားရပြီး တမြို့တည်းပြိုင်ဘက်၊ အိမ်နီးချင်းတွေနဲ့ပွဲမှာ ကောင်းကောင်းကြီးကို ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သူတို့ကြိုးစားခဲ့ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခြေထဲမှာ ဘောလုံးရှိနေလို့ပါပဲ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်း ကတော့ လီဗာပူးလ်ကို ၅-၀ နဲ့ ရှုံးပြီး ၁၃ ရက်အတွင်းမှာပဲ နောက်ထပ်အိမ်ကွင်းပွဲကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ZG

မန္စီးတီးနည္းျပဂြာဒီယိုလာက အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ထိုပြဲမွာ စီးတီးက ဘာေၾကာင့္ လူစား တစ္ေယာက္မွ မလဲ ခဲ့ရလဲဆိုတာကို ေျပာျပလိုက္ပါတယ္။

ၿပိဳင္ဘက္အသင္းကို လြယ္လင့္တကူနဲ႔ကစားၿပီး အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဂြာဒီယိုလာက ပြဲထြက္က လူစာရင္းပဲကို အခ်ိန္ျပည့္ အသုံးျပဳသြားခဲ့ ျဖစ္ပါတယ္။ တဖက္မွာေတာ့ မန္ယူ က လူစားလဲမႈေတြ ဆက္တိုက္ ျပဳလုပ္ခဲ့ေပမယ့္ သိကၡာဆယ္ေခ်ပဂိုးေလးေတာင္မရခဲ့ဘဲ အေရးနိမ့္ခဲ့ပါတယ္။

မန္စီးတီးဟာ ဒုတိယပိုင္းကို သက္ေတာင့္သက္သာနဲ႔ကစားသြားခဲ့ၿပီး အႏိုင္သုံးမွတ္ကို အိမ္အျပန္ သယ္ယူ သြားခဲ့ပါတယ္။ လူစား မလဲလွယ္ခဲ့တဲ့အတြက္ ဂြာဒီယိုလာက သူ႔ကစားသမားေတြကို ေတာင္းပန္စကားလည္းေျပာဆိုခဲ့ၿပီး အခုလိုပဲရွင္းျပခဲ့ပါတယ္။

“စိတ္မေကာင္းပါဘူးဗ်ာ ၊ ကြၽန္ေတာ္ လူစားမလဲခ်င္ခဲ့ပါဘူး၊ ပြဲက ၂-၀ ျဖစ္ေနၿပီး အရာရာတိုင္းက သက္ေတာင့္သက္သာကို ျဖစ္ေနတယ္၊ ဒီေတာ့ လူစားလဲစရာမလိုဘူးလို႔ ကြၽန္ေတာ္ ခံစားမိခဲ့ပါတယ္။

ကစားသမားေတြကို ခ်ီးက်ဴးပါတယ္၊ သူတို႔က အသင္းကစားပုံမွာ တကယ့္ အႏုပညာရွင္ေတြပါပဲ၊ အိုးထရက္ဖို႔ဒ္ကိုလာကစားရၿပီး တၿမိဳ႕တည္းၿပိဳင္ဘက္၊ အိမ္နီးခ်င္းေတြနဲ႔ပြဲမွာ ေကာင္းေကာင္းၾကီးကို ကစားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ သူတို႔ႀကိဳးစားခဲ့ေပမယ့္ ဘာမွမလုပ္ႏိုင္ခဲ့ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ေျခထဲမွာ ေဘာလုံးရွိေနလို႔ပါပဲ” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။

မန္ယူအသင္း ကေတာ့ လီဗာပူးလ္ကို ၅-၀ နဲ႔ ရႈံးၿပီး ၁၃ ရက္အတြင္းမွာပဲ ေနာက္ထပ္အိမ္ကြင္းပြဲကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။