မန်ယူအသင်းဆီ ပြောင်းရမှာ ပျော်တဝက်၊ မပျော် တဝက် ဖြစ်နေတဲ့ ဂိုးသမား အိုနာနာ
အင်တာမီလန်ဂိုးသမား အန်ဒရီ အိုနာနာဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ခင်မှာ ဝမ်းနည်းနေခဲ့တယ်လို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အင်တာမီလန်နဲ့ ပြောဆိုဆွေးနွေးမှုတွေ အများအပြားလုပ်ဆောင်ခဲ့ပြီးနောက် အိုနာနာကို အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် အဲဒီသဘောတူညီမှုဟာ နောက်ဆုံးသဘောတူညီမှုဖြစ်တယ်လို့ နှစ်ဖက်စလုံးက မျှော်မှန်းထားတယ်လို့ သိရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

“မန်ချက်စတာယူနိုက်တက်က အခုဆိုရင် အန်ဒရီ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နေပြီဖြစ်ပြီး နောက်ဆုံး နှုတ်နဲ့ ကမ်းလှမ်းမှုကို ဒီနေ့ ပြောဆိုမှုအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒါက ယူရိုသန်း ၅၀ နဲ့ ထပ်ဆောင်း ယူရို ၅ သန်းလို့ နားလည်ရပါတယ်။ ထပ်ဆောင်းပေးချေမှုကို ပေးမယ့် ပုံစံကတော့ အရင်ကတည်းက ဆွေးနွေးခဲ့တယ်။ အပြောင်းအရွှေ့ပြီးပြီ။ အဲဒီအပြောင်းအရွှေ့ ကြေညာဖို့ အလွန်အမင်း နီးစပ်နေပြီလို့ မျှော်မှန်းခြင်းခံထားရတယ်”လို့ ရိုမန်နို က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်းကြား သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တာကြောင့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့က ပြဿနာမဟုတ်တော့ဘူးလို့ မျှော်လင့်ရပေမယ့်လည်း အီတလီဂျာနယ်လစ်က အိုနာနာရဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ရမှုက ပျော်တဝက် မပျော်တဝက် ဖြစ်နေပုံပဲ လို့ ပြောကြားခဲ့ပါတယ်။
မတ်တီအို ဘာဇာဂီလို့ အမည်ရတဲ့ ဂျာနယ်လစ်က အိုနာနာဟာ အိုးထရက်ဖို့ဒ်မှာ အိုင်းယက်နည်းပြဟောင်း တန်ဟက်နဲ့ ပြန်လည်လက်တွဲရမှာကြောင့် ပျော်ရွှင်ပေမယ့်လည်း အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာ ၁၂ လပဲ ရှိသေးချိန်မှာ ထွက်ခွာရတာကြောင့် ဝမ်းနည်းနေတယ်လို့ သိရပါတယ်။