အသင်းလက်မဲ့ဖြစ်နေတုန်း မန်ယူမှာ ထရိန်နင် လာဆင်းနေတဲ့ အမေ့ခံ သရဲနီ ဂန္တဝင် ကစားသမား
မန်ချက်စတာ ယူနိုက်တက်ရဲ့ အမေ့ခံ ဂန္ထဝင်ကစားသမား ဂျွန်နီအီဗန်ဟာ ကလပ်အသင်းသစ် ရှာဖွေနေစဉ်အတွင်း ယူနိုက်တက်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။
ဗဟိုနောက်ခံလူဟာ လက်စတာအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းရပြီးနောက် ထွက်ခွာကာ ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။
အီဗန်ဟာ ယူနိုက်တက်အကယ်ဒမီမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက ကိုဗင်ထရီနှင့်ကစားတဲ့ လိဂ်ပွဲတွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။
သူဟာ မန်ချက်စတာ ယူနိုက်တက်နှင့်အတွက် ၁၉၈ ပွဲကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် ချန်ပီယံလိဂ် ဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ ကစားသမားဟာ ၂၀၁၅ ခုနှစ်မှာ ဝက်စ်ဘရွန်းသို့ ပြောင်းရွှေ့ပြီးနောက် ၃ နှစ်အကြာတွင် လက်စတာအသင်းထံသို့ ပြောင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကလပ်သစ်ရှာဖွေနေစဉ်အတွင်း ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်နေစေရေးအတွက် လေ့ကျင့်ခန်း လုပ်ရန် လိုအပ်နေတဲ့ အီဗန်ကို အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ပေးထားပါတယ်။
အီဗန်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် ပထမအသင်း၊ အကယ်ဒမီအသင်းများနှင့်အတူ လေ့ကျင့်ခန်း ဆင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ လတ်တလောမှာတော့ အီဗန်ကို အဲဗာတန်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။