ကစားသမားသစ် ခေါ်ယူမှုတွေ မိတ်ဆက် မပေးနိုင်သေးပေမယ့် ရက်ဖို့ဒ်အတွက် စိတ်အေးသွားရတဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ ကစားသမား ခေါ်ယူမှု အသစ်တွေ ထပ်မံ မိတ်ဆက်မပေးနိုင်သေးပေမယ့် စိတ်အေးစရာ အဖြစ် တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ် ကို သက်တမ်းတိုးဖို့ ကာလရှည်စာချူပ်သစ် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်သား တိုက်စစ်မှုးနဲ့ ပတ်သတ်ပြီး အပြောင်းအရွှေ့ ကောလဟာလတွေ ဒီတလော ကြားရမှာ မဟုတ်တော့ပါဘူး။ The Athletic သတင်းဌာနက နာမည်ကြီးဂျာနယ်လစ် ဒေးဗစ်အော်စတိန်းရဲ့အဆိုအရ ..

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဖို့ မူအားဖြင့် သဘောတူညီခဲ့တာပါ။ ဒါဟာ နည်းပြတန်ဟက်နဲ့ မန်ယူပရိသတ်တွေအတွက် သတင်းကောင်းလည်း ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက ပီအက်စ်ဂျီနဲ့ သတင်းထွက်ခဲ့ပြီး ဒီအပြောင်းအရွှေ့ မှာလည်း ပြင်သစ်ထိပ်သီးနဲ့ သတင်းတွေဟာ ရပ်မသွားပါဘူး။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားကြတဲ့ အခြားပြည်ပအသင်းတွေလည်း ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူမှာ အဓိကဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အိပ်မက်နေကြောင်းလည်း အော်စတိန်းက ဆက်လက် ဖော်ပြခဲ့တာပါ။

မန်ယူမှာ တစ်ပတ် ပေါင် ၂ သိန်းရနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ကလပ်နဲ့ သူ့ရဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲ ရောက်နေပါတယ်။ စာချုပ်သစ်ချုပ်နိုင်ခဲ့ရင် တစ်ပတ် ပေါင် ၃၇၅၀၀၀ နဲ့ ရက်ရှ်ဖို့ဒ်ဟာ ကလပ်ရဲ့ လစာအများဆုံး ကစားသမားလည်း ဖြစ်လာဖွယ် ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီ မန်ယူအတွက် ၅၆ ပွဲမှာ ဂိုး ၃၀ သွင်းပြီး ကစားသမားဘဝအကောင်းဆုံးပုံစံပြန်ရခဲ့ပါတယ်။ အသင်းအကယ်ဒမီထွက်လည်းဖြစ်တဲ့ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ဂိုး ၁၀၀ ကျော်သွင်းပေးထားတာပါ။