ငွေကြေးထက် မန်ချက်စတာ ယူနိုက်တက်ကိုပဲ အကြိမ်ကြိမ် ရွေးချယ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ မက်ဂွဲရား နေရာ မန်ယူ အသင်းခေါင်းဆောင် ဖြစ်လာဖို့ ရေပန်းအစားဆုံး သူ ဖြစ်နေပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့အတွက် ဒီနွေမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေထံက မက်လောက်ဖွယ် ကြီးမားတဲ့ ကမ်းလှမ်းမှု များစွာ ရခဲ့တာကိုတောင် ငြင်းပယ်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဆော်ဒီကလပ်များစွာဟာ ဘရူနို ဖာနန်ဒက်စ် အတွက် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြပြီး သူ့လို အရေးပါတဲ့ ကစားသမား တစ်ယောက်ကို ဆွဲဆောင်ဖို့အတွက်ဆိုရင် ငွေပမာဏ အတော်များများ ကုန်ကျမှာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကတော့ အရှေ့အလယ်ပိုင်းဒေကို ပြောင်းရွှေ့မယ့်အစား ယူနိုက်တက်မှာ ဆက်နေလိုပြီး ဟယ်ရီ မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံဖို့ မျှော်လင့်နေကာ အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ပဲ စိတ်အား ထက်သန်နေတာပါ။

ဖာနန်ဒက်ဟာ အားလပ်ရက်အပြီး ရာသီကြိုလေ့ကျင့်ရေးအတွက် ယူနိုက်တက်ဆီ ပြန်ရောက်လာခဲ့သလို ကလပ်အတွက် အဓိက အသင်းသား တစ်ဦး အဖြစ် ဆက်လက်ပေးဆပ်နေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဒီအပတ် လိုင်ယွန်နဲ့ ကစားပြီးရင် အမေရိကကို ဆက်လက် ထွက်ခွာမှာပါ။ အသင်းကို ပြန်ရောက်လာပြီးဖြစ်တဲ့ ဖာနန်ဒက်ကတော့ ရာသီကြိုခရီးမှာ ပါဝင်ရဖို့ သေချာပါတယ်။