တန်ဟက် ချီးကျူးရသူ ၃ ဦး၊ ဗန်ဒီဘိခ် ဝမ်းမြောက် စကား၊ အမေရိက လိုက်သွားမယ့် အိုနာနာနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
ဂိုးသမား အိုနာနာက မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်၊ လက်မှတ်ထိုး ပြီးစီးပြီ ဖြစ်ပြီး အသင်းဖော်တွေ ရှိရာ နယူးယောက်သို့ ဒီနေ့ လိုက်သွားတော့မှာ ဖြစ်ပါတယ်။ တရားဝင် ကြေညာမှုကိုလည်း မကြာခင် ပြုလုပ်တော့မှာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက လိုင်ယွန် အသင်းနဲ့ ရာသီကြို ဒုတိယမြောက် ခြေစမ်းပွဲစဉ်ကို ကစားခဲ့ရပြီး ဒုတိယပိုင်းအစမှ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။

၂နှစ်နီးပါး ဂိုးပေါက် ပျောက်နေပြီးမှ ယူနိုက်တက် အတွက် အခုလို ဂိုးပြန်သွင်းနိုင်တဲ့ အပေါ် ဗန်ဒီဘိခ်က အခုလို ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။
” ကျွန်တော်ဟာ ဒီလိုပွဲမျိုး ပိုင်ဆိုင်ဖို့အတွက် လ ပေါင်းများစွာ စောင့်မျှော်နေခဲ့ရတာပါ။ ဒါက ရာသီကြို ခြေစမ်းပွဲတစ်ပွဲပဲဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ် ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တကယ့်ကို ကြီးမားလွန်းတဲ့ အခိုက်အတန့် တစ်ခုပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ လိုင်ယွန်နဲ့ ခြေစမ်းပွဲ အပြီးမှာ စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ဗန်ဒီဘိခ် ၊ ဖရက်ဒ် နဲ့ ဂျွန်နီ အီဗန် တို့ ကို ချီးကျုး ပြောဆိုခဲ့ပါတယ်။
လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူ၊ ချယ်ဆီး၊ လီဗာပူးတို့လည်း ကောင်းလာကြမှာ ဖြစ်ပေမယ့် လက်ရှိ ချန်ပီယံ မန်စီးတီးကို အာဆင်နယ်က အဓိက စိန်ခေါ်နိုင်လိမ့်မယ် လို့ သရဲနီဟောင်း ရွန်းနီက မှတ်ချက်ပြုထားပါတယ်။