မန်ယူ ဂိုးသမားသစ် ဖြစ်လာတဲ့ အိုနာနာ က ဘာလို့ ကျောနံပါတ် ၂၄ ကို ရွေးချယ် ဝတ်ဆင်တာလဲ
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမား အိုနာနာ ကို ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း မနေ့ညက တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ အိုနာနာ ဟာ ကျောနံပါတ် ၂၄ ကို ဝတ်ဆင်မှာပါ။
မန်ယူအသင်းမှာ ဂိုးသမား နေရာအတွက် ကျောနံပါတ် ၁ ဂျာစီ နေရာလွတ် ရှိနေပေမဲ့ အိုနာနာဟာ နံပါတ် ၂၄ ဂျာစီကို ဘာလို့ ဝတ်ချင်ရတာလဲဆိုတဲ့ ခန့်မှန်းမှုတစ်ခု ထွက်ပေါ်လာပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူအသင်းဆီကို ရောက်လာခဲ့ပြီးတဲ့နောက် အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ကျောနံပါတ် ၂၄ ဂျာစီကိုပဲ ဝတ်ဆင်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ပြီး အသင်းရဲ့ ဂိုးသမားသစ်ဖြစ်လာတဲ့ ကင်မရွန်းသားအတွက် ကျောနံပါတ် ၂၄ ဂျာစီအသစ် ဝတ်စုံကိုလည်း မန်ယူအသင်းက သူတို့ရဲ့ တရားဝင် တွစ် တာ စာမျက်နှာကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။
ဒီအတွက် ဘာကြောင့်များ အိုနာနာက နံပါတ် ၂၄ ကို ဝတ် ချင်ရသလဲဆိုတာ ပရိသတ် တော်တော်များများက သိချင်စိတ် မြင့်တက်လာခဲ့ကြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကာယကံရှင် ကစားသမားကိုယ်တိုင်က အသေးစိတ် ထုတ်ပြောခဲ့တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒါဟာ အသင်းဟောင်း အေဂျက်ဇ်မှာ သူ ဝတ်လာခဲ့တဲ့ နံပါတ်တစ်ခု ဖြစ်နေပြီး ဒီနံပါတ်နဲ့ပဲ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့တာကြောင့် ဆက်ပြီး ဝတ် ဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းဝက်ဘ်ဆိုက် တချို့က ခန့်မှန်း ရေးသားနေကြပါတယ်။
ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဂျွန်မာတောက်က တော့ အိုနာနာဟာ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်အပိုင်းအခြားကို ရောက်နေပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ ဒီထက် ပိုပြီး အံ့အားသင့်စရာတွေ လုပ်ပြနိုင်ဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။
” သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ယောက် ဖြစ်နေပါပြီ။ အသက် ၂၇ နှစ်အရွယ်ဆိုတဲ့ အပိုင်းအခြားကာလမျိုးမှာ သူဟာ ဆိုရင် နောက်ထပ်ပြီး လာမယ့်နှစ်တွေမှာ အများကြီးကို တိုးတက်လာဦးမှာ ဖြစ်ပါတယ်” လို့ မာတောက်က ပြောခဲ့ပါတယ်။
ကင်မရွန်းသား ဂိုးသမား ကလည်း နည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့ ပြန်ပြီး လက်တွဲခွင့်ရလို့ အရမ်းကို ပျော်ရွှင်နေပြီး မန်ယူအသင်းအတွက် ကစားပေးဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေရတယ်လို့ ပြောခဲ့ပါတယ်။
အိုနာနာ ဟာ သူ့အသင်းဖော် သစ်တွေ ရှိရာ နယူးယောက်သို့ လိုက်ပါသွားတော့မှာ ဖြစ်ပါတယ်။