ဈေးမြောက်လွန်းလို့ ဟွိုင်လန်း ကို ခေါ်ယူရေး လက်လျှော့ဖွယ် ရှိလာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းကို ခေါ်ယူလိုပေမယ့်လို့ ပြောင်းရွှေ့ကြေးကို မတတ်နိုင်တာကြောင့် နောက်ဆုတ်ရမယ့် အခြေအနေ ရှိနေပါတယ်။

ဒီနွေမှာ ချယ်ဆီးမှ မောင့်နဲ့ အင်တာမီလန်မှ အိုနာနာတို့ကို ခေါ်ယူထားတဲ့ မန်ယူနိုက်တက်ဟာ အသုံးစရိတ် ပေါင် ၁၁၂ သန်းထိ ထုတ်ထားပါပြီ။ ကစားသမား ရောင်းချမှုတွေ အခုထိ မလုပ်နိုင်သေးခြင်းနဲ့အတူ နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ခက်ခဲမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နည်းပြတန်ဟက်က တိုက်စစ်မှူးသစ် ရလိုနေပေမယ့် အသက် ၂၀ အရွယ် ဒိန်းမတ် တိုက်စစ်မှူးအတွက် အတ္တလန်တာဘက်က ပေါင် ၈၆ သန်းထိ ရလိုနေတာပါ။

ယူနိုက်တက်ကတော့ ဟွိုင်လန်း အတွက် ပေါင် ၄၅ သန်း ဝန်းကျင်ပဲ ပေးလိုပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီ အသင်းကလည်း ဟွိုင်လန်းကို ဝင်ချိတ်လာတာကြောင့် မန်ချက်စတာကလပ် အတွက် ပို မှေးမှိန်လာနေပါတ်ယ။

အတ္တလန်တာ နည်းပြ Gian Piero Gasperini ကတော့ ‘ အခြေအနေကို ကျနော် တကယ်ပဲ မသိပါဘူး။ ဈေးကွက်က ခန့်မှန်းရခဲ့ပါတယ်။ အတ္တလန်တာဘက်က တိုက်စစ်သမားအတွက် ယူရို သန်း ၁၀၀ ရဖို့ ကျနော် မျှော်လင့်ပါတယ်။

ဟွိုင်လန်းဟာ အကောင်းဆုံးသော လူငယ် ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ် ‘ လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို လိုချင်ပေမယ့် စပါးဘက်က ပေါင် သန်း ၁၂၀ တောင်းဆိုထားသလို နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ် အတွက်လည်း ပေါင် ၈၅ သန်း ဝန်းကျင် ပေးရမှာပဲ ဖြစ်ပါတယ်။