အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်း အတွက် ကမ်းလှမ်းမှု မန်ယူတို့ စတင် ပြုလုပ်ခဲ့ပါပြီ
မန်ချက်စတာယူနိုက်တက်အသင်း ဟာ အတ္တလန်တာ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်း အတွက် ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပြီလို့ သိရပါတယ်။
ယူနိုက်တက် တင်သွင်းခဲ့တဲ့ ပြောင်းရွှေ့ကြေးရဲ့ ပမာဏကိုတော့ မသိရသေးဘဲ ပေါင်သန်း ၅၀ ကနေ ၆၀ ကြား ဖြစ်မယ် လို့တော့ စောင့်ကြည့်သူတွေက ခန့်မှန်းနေခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

သရဲနီတွေအနေနဲ့ အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်တိုက်စစ်မှူးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတယ် လို့လည်း သိရပြီး သူ့အနေနဲ့ ဒီအသင်းကို ပြောင်းရွှေ့ကစားချင်ခဲ့ရာမှာ တစ်နိုင်ငံတည်းသား ဝါရင့်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကတော့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် မန်ယူတို့နဲ့ အပြိုင် အဖြစ် ခီလီယန် အမ်ဘာပေကို ရောင်းချမယ့် ပီအက်စ်ဂျီအသင်း ကလည်း ဟွိုင်လန်းကို ခေါ်ယူရေး အဓိက ပြိုင်ဆိုင်လာမှာပါ။
အတ္တလန်တာတို့အနေနဲ့ ဈေးနှုန်းမြင့်မြင့်မားမား အလိုရှိနေချိန်မှာ ပီအက်စ်ဂျီ အသင်း အန္တရာယ်ကတော့ နည်းပြ အဲရစ် တန်ဟတ်အတွက် ထိတ်လန့်စရာကိစ္စတစ်ခုဖြစ်နေပါတယ်။
ဟွိုင်လန်း တန်ကြေး အဖြစ် အတ္တလန်တာက ယူရို သန်း ၁ဝဝ (ပေါင် ၈၅ သန်း) လို့ ဈေးခေါ်ထားပြီး မန်ယူရဲ့ ကမ်းလှမ်းမှုကို ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။