ကာလရှည် ကွင်းလယ်ပစ်မှတ်၊ အမ်ဘာပေနဲ့ အခြေအနေ၊ သက်တမ်းတိုးမယ့် ဘစ်ဆာကာနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းထူးများ
မန်ယူအသင်းဟာ နောက်ခံလူ ဝမ် ဘစ်ဆာကာ ကို ယူနိုက်တက်က စာချုပ်ပါ အချက် အရ တစ်နှစ် သက်တမ်း တိုးတော့မှာ ဖြစ်ပါတယ်။ ကနဦးမှာ တန်ဟက်က ဘစ်ဆာကာ ခြေစွမ်း အပေါ် သံသယ ရှိခဲ့ပေမယ့် အခုတော့ သူ့ ပလန်တွေထဲမှာ အင်္ဂလန်သားကို ထည့်သွင်းလာတာပါ။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဂေါ်ရက်စ်ကာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အတော်ကြာပြီ ဖြစ်ကြောင်း ဂျာမန် သတင်းတွေက ဆိုပါတယ်။ အသက် ၂၈ နှစ် အရွယ် ကွင်းလယ်သမားကို ယူနိုက်တက် စောင့်ကြည့်တာ ၂နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့် ကမ်းလှမ်းမှုတော့ မပြုလုပ်ထားပါဘူး။
ယူနိုက်တက် အသင်းခေါင်းဆောင်သစ် ဖြစ်လာတဲ့ ဘရူနို ဖာနန်ဒက်စ်က နည်းပြ တန်ဟက်ဟာ သူ့ရဲ့ စိတ်အားထက်သန်မှုကို သဘောကျတာက အဓိက အချက် ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အမ်ဘာပေ ကို စိတ်ဝင်စား မေးမြန်းနေကြောင်း သတင်းထွက်ပေါ်လာပေမယ့် ပီအက်စ်ဂျီက ဘာပေကို ဆော်ဒီကလပ်ထံ ယူရို သန်း ၃ဝဝ နဲ့ ရောင်းဖို့ လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်ဟာ ယူနိုက်တက် တိုက်စစ်သမား အီလန်ဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် ဒင်းဟန်ဒါဆန် ကိစ္စ အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းမှု စတင် ပြုလုပ်ခဲ့ပြီ လို့ သိရပါတယ်။ ပမာဏကတော့ ပေါင် သန်း ၅၀-၆၀ ဝန်းကျင်လို့ ခန့်မှန်းရပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း ဟွိုင်လန်းကို ခေါ်ယူနိုင်ရေး အေးဂျင့်တွေကနေ ချိတ်ဆက်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အခုချိန်ထိ ရာသီကြို မှာ ၃ ပွဲ ကစား ၃ ပွဲ နိုင်ထားပြီး နောက်ထပ် ကစားမယ့် ခြေစမ်းပွဲတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- 25 July: United v Wrexham (San Diego, 19:30 local time / 03:30 BST)
- 26 July: United v Real Madrid (Houston, 19:30 local time / 01:30 BST)
- 30 July: United v Borussia Dortmund (Las Vegas, 18:00 local time / 02:00 BST)
- 5 August: United v Lens (Old Trafford, 12:45 BST)
- 6 August: United v Athletic Club (Dublin, 16:00 BST)