လူငယ်တွေနဲ့ ရှုံးသွားတဲ့ပွဲ၊ ဟွိုင်လန်းနဲ့ ကူဒက်စ်၊ ရက်ဖို့ဒ်ရဲ့ အခက်ဆုံးပြိုင်ဘက်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာယူနိုက်တက် က ဒီမနက်မှာ ဝရက်ဇ်ဟမ်း အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၁ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူက စီနီယာကစားသမားတွေမပါဝင်ဘဲ လူငယ်တွေချည်း သီးသန့်သာ ယှဉ်ပြိုင်ခဲ့သလို နည်းပြ တန်ဟတ်တောင် အရန်ခုံတန်းမှာသာ ထိုင်နေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ အသင်းခေါင်းဆောင် ဒန်ဂိုရီ အနီကတ်နဲ့ ထုတ်ခံရပြီးတဲ့နောက် ယူနိုက်တက် ကစားအားကျသွားကာ သွင်းဂိုးတစ်ဂိုး ထပ်မံ ခွင့်ပြုပေးခဲ့ရလို့ ဂိုးပြတ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ လက်ရှိ အပြောင်းအရွှေ့အတွင်း ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ကြိုးစားနေပြီး အတ္တလန္တာအသင်းတိုက်စစ်မှူး ဟွိုက်လန်းကိုသာ မခေါ်ယူနိုင်ခဲ့ရင် အေဂျက်ကြယ်ပွင့် ကူဒက်စ်ကို အရခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်း ကွင်းလယ်ကစားသမား တိုမီနေးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေသလို မန်ယူအသင်းဘက်ကလည်း ရောင်းချဖို့ ဆန္ဒရှိနေကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အပြီးသတ် အနေအထားအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
မန်ယူအသင်း တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကတော့ ၎င်းအတွက် အခက်ခဲဆုံး ပြိုင်ဘက်ဟာ မန်စီးတီး အသင်းနောက်ခံလူ ကိုင်လီ ဝေါ်ကာဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး အီလန်ဂါဟာ နော့သင်ဟမ်ဖောရက်စ် အသင်းထံ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဖီအိုရင်တီးနားထံကနေ ဆိုဖရန် အမ်ရာဘတ်ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ဟာ ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပြီး အမ်ရာဘတ်တစ်ယောက် ယူနိုက်တက်ထံ ရောက်ရှိဖို့ အသေးစိတ် အချက်တစ်ခုသာ လိုအပ်တော့တယ်လို့ သိရပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးဟာ ယူရို၃၅သန်းဝန်းကျင် ကုန်ကျမှာပါ။